မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်တပ်တွေ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို တပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ရကြောင်း United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးရွာနဲ့ မလွန်ရွာ အခြေစိုက် ကပစ (၁၀) နဲ့ ကပစ (၂)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လင်းကယ် ရဲစခန်းနေ စစ်အုပ်စုတွေဟာ အင်အား ၈၀ နီးပါးနဲ့ လင်းကယ်တိုက်နယ်အတွင်းကို မေလ (၂၀) ရက်နေ့မှာ စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒရုန်းအပါအဝင် လက်နက်ကြီးအားသာချက်တွေနဲ့အတူ ဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အာရုံစိုက်လှုပ်ရှားနေချိန် သရက်အခြေစိုက် ကပစ (၁၂) ကနေ အင်အား ၅၀ နီးပါးနဲ့ နောက်ထပ်စစ်ကြောင်းတစ်ခု ထပ်ထွက်လာခဲ့ကြောင်း သိရပါတယ်။

စစ်ကြောင်းဟာ မေလ ၂၃ ရက်နေ့မှာ မင်းတုန်းမြို့နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို အလစ်အငိုက်ဝင်ရောက်ရင်း နှစ်ဖက် ပိတ်ဆို့ စစ်ကြောင်းထိုးလာတာလို့ ကိုဗဟိန်းက ပြောပါတယ်။

မေလ (၂၃) ရက် ညပိုင်းမှာတော့ မင်းတုန်းမြို့နယ်၊ ကျွဲခြံရွာစာသင်းကျောင်းအတွင်း အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) အဖွဲ့ဝင်တွေက ပြောက်ကျားနည်းနဲ့  ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၅ ရက်နေ့က ကျဆုံးခဲ့သည့် United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်)မှ ရဲဘော် လှိုင်ဘွားအား သင်္ဂြိုဟ်နေစဥ်

ဒါ့အပြင် မေလ (၂၅) ရက်နေ့၊ ညနေပိုင်းမှာလည်း အထက်ပါအကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရွာယာကျေးရွာအနီးမှာ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“၂၃ ရက်နေ့ညက ဒီကောင်တွေ ကျွဲခြံ စာသင်ကျောင်းထဲကနေ စစ်ကြောင်းထိုးဖို့ပြူတစ်ပြူတစ်နဲ့ လုပ်တယ်ပေါ့။ အဲ့ဒါ ညဘက်ကြီးစစ်ကြောင်းထိုးမယ်ဆိုရင် အရပ်သားတွေ တိမ်းရရှောင်ရနဲ့ ဒုက္ခများမှာစိုးလို့ ညတွင်းချင်း ပြောက်ကျား၂ ခါ ပစ်ပြီး ထိန်းခဲ့တာပါ။ ၂၅ ရက်နေ့ကလည်း စစ်​ကြောင်းပျောက်နေတယ်ထင်တာ သူတို့က အရပ်သားတွေရှိရာ တည့်တည့်ထိုးလာတော့ ကျနော်တို့နဲ့ အနီးကပ်ထိတွေ့မှုဖြစ်ခဲ့တာပါ။” လို့ United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။

မေလ ၂၅ ရက်နေ့ ထိတွေ့မှုအတွင်း United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) ရဲ့ တပ်ဖွဲ့ဝင် လှိုင်ဘွား ကျဆုံးခဲ့ကြောင်း ကိုဗဟိန်းက ပြောပါတယ်။

“ပစ်ခတ်မှုအတွင်း သူတို့က လက်နက်ကြီးတွေရော စက်ကလေးတွေနဲ့ရော ငါးကြင်းမြီးတွေနဲ့ပါထောက်ကြတယ်ပေါ့။ သူတို့နဲ့ ခဲယမ်းကွာဟသလို ပစ်အားချင်းမယှဥ်နိုင်တော့ ကျနော်တို့ ရဲဘော်၁ယောက် ကျခဲ့ရတယ်ပေါ့။ ဘေးကင်းအောင်ပဲ ဆုတ်ခဲ့ရပါတယ်။ ပထမ ၂ကြိမ် သူတို့ဘက်ပဲ ထိခိုက်မှုရှိပါတယ်။ အတိအကျ မသိသေးလို့ပါ။ တတိယအကြိမ်ကတော့ သူတို့ဘက်ကထိခိုက်မှု ရှိချင်မှရှိိပါမယ်” လို့ United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် ၈ တပ်ရင်း ရဲဘော်များနှင့် မိသားစုဝင်များ ပါဝင်သည့် တပ်တွင်းတွေ့ဆုံပွဲ ပြုလုပ်ခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်းအနေနဲ့ တပ်ရင်းရှိ ရဲဘော်တွေ၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကြာသေးမီက အပြီးသတ်ဝယ်ယူခဲ့သည့် Airbus လေယာဥ်ကြီးစီးကာ မင်းအောင်လှိုင်နှင့်ဇနီး ရုရှနိုင်ငံသို့ ယနေ့ထွက်ခွာ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြုလှတို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ နှစ် ၈၀ ရင်ပြင်နီအခမ်းအနားတက်ရောက်ဖို့ ဒီကနေ့ရုရှနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

PDF တပ်ရင်း ၁၀၀၇ – မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန၊ အမှတ် ၃ ရှမ်းတောင်စစ်ဒေသ၊ ဗျူဟာ (၁) ​လက်အောက်ခံ တပ်ရင်းအမှတ် ၁၀၀၇ - မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများကို SAGAING-PDF မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) အနေနဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။