နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး အပြည့်အဝ သဘောတူတာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ဘယ်လို အဖွဲ့အစည်းကိုမဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရေးရာ အခြေအနေတွေနဲ့ပတ်သက်လို့ ကူညီဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ သီးသန့်သဘောထားကြေညာချက်ထုတ်ပြန်တဲ့အပေါ် NUG အစိုးရက သဘောထားရပ်တည်ချက်ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာတွေ ကိုယ်တိုင်ဦးဆောင်တဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ငြိမ်းချမ်းတဲ့ နိုင်ငံရေး ဖြေရှင်းမှုရရှိဖို့ ကြိုးပမ်းဆောင်ရွက်ရာမှာ မြန်မာပြည်သူတွေ ဦးဆောင်ဆင်နွှဲနေတဲ့ နွေဦး တော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေး၊ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်နိုင်ရေးတို့အတွက် အပြည့်အဝ သဘောတူ တာဝန်ယူ၊ တာဝန်ခံ နိုင်တဲ့ အဖွဲ့အစည်းတိုင်းနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိတယ်လို့ NUG က ဆိုပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ သတ်မှတ်သက်တမ်း (၁) နှစ် အတွင်းသာ လုပ်ငန်းတွေ လုပ်ကိုင်ရတာကြောင့် ချိတ်ဆက်ဆောင်ရွက်မှုတွေ ကောင်းစွာ လည်ပတ်ချိန်မှာ သက်တမ်းကုန်ဆုံးသွားတဲ့အတွက် ထိရောက်စွာဆောင်ရွက်နိုင်အောင် (၁)နှစ် ကာလသတ်မှတ်ချက်အစား ကာလ တိုးမြှင့်သတ်မှတ် တာဝန်ပေးအပ်သင့်တယ်လို့ NUG က တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေး ကြေညာထားတဲ့ ကာလမှာတောင် အပြစ်မဲ့အရပ်သား ပြည်သူတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ နေ့တိုင်းကျူးလွန်နေတာကြောင့် အရပ်သားပြည်သူအားလုံးရဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို သေချာစေဖို့ တိကျ သေချာတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ရေးအတွက် အာဆီယံရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာက ပါဝင်တဲ့ စနစ်ကျတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေး ယန္တရားမျိုး ရှိဖို့ လိုအပ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ကြေညာစာ (ဓာတ်ပုံ NUG နိုင်ငံခြားရေးဝန်ကြီးဌာန)

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျ ရှေ့တန်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးဘီလူးတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဟောင်းနဲ့ အုပ်ကြီးအပါအဝင် ၆ယောက်နီးပါး ဆေးရုံရောက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၂၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
Read More

နေပြည်‌တော်လမ်းပိုင်းမှာ PLA က ၃နာရီကြာ ထိန်းချုပ်စစ်ဆေးစဉ် စစ်ကောင်စီ ဗိုလ်မှူး၊ တပ်ကြပ်နှင့် ရဲဒုတပ်ကြပ်တို့ကို ဖမ်းမိ၊ အပြန်လမ်းမှာ တိုက်ပွဲဖြစ်ပြီး သုံ့ပန်း ၃ ဦးလုံး သေဆုံး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ၃ နာရီကြာ လမ်းထိန်းချုပ်ထားစဉ်မှာ ကပစ ဗိုလ်မှူး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

သဲကုန်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၃ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့  စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်ဘက်က ၁၃ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် စစ်ရေးတာဝန်ခံထံက သိရပါတယ်။ 
Read More

အရပ်သားတွေကို ငွေညှစ်နေတဲ့ စစ်ကောင်စီဂိတ် မိုင်းဆွဲခံရပြီး တပ်ကြပ် ၁ ယောက် ပွဲချင်းပြီး သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။