ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို မေလ ၂၈ ရက် မနေ့ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကနဲလေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တွေက မေလ ၂၁ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး မေလ ၂၈ ရက် ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တညောင်ဓာတ်အားခွဲရုံကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံမှာ အင်အား ၈၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို  မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော် (Bamar Army) က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

မြိတ်မှာ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မြိတ်မြို့နယ်မှာ စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် နိုဝင်ဘာ ၂၈ ရက် မနေ့က အရာတော်ရွှေဂျိုးဖြူအဖွဲ့မှ လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေကို Shwebo Crocodile အဖွဲ့က သွားရောက်သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက ခလရ ၁၇ တပ်ရင်း၊ ပလရဲစခန်းနဲ့ တာဝါတိုင်စခန်းတွေကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖထံက သိရပါတယ်။
Read More

ဆုံရွာပျူစခန်းနဲ့ ငါန်းမြာကြီးကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းနဲ့ ငါန်းမြာကြီးကျေးရွာက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။