မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် တောင်သာမြို့ပေါ်က စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ရင်း မြေစာရင်းရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း-၃ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၂၈ ရက်၊ မနေ့ညနေပိုင်းအချိန်ကစပြီး တောင်သာမြို့ မြေစာရင်းရုံး၊ အခွန်ဦးစီးဌာနနဲ့ အမှတ် (၂) အုပ်ချုပ်ရေးမှူးနေအိမ်တို့ကို တော်လှန်ရေးတပ်တွေက တပြိုင်နက်တည်း ဝင်​ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှု ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဝန်ထမ်းတွေ ထွက်ပြေးသွားတာကြောင့်​မြေစာရင်းရုံးကို တော်လှန်ရေးတပ်တွေက စီးနင်းမီးရှို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

“၃ နာရီလောက်က စပြီး ကျနော်တို့ စစ်ကြောင်း ၂ ကြောင်းခွဲ ဝင်တိုက်ခဲ့တာပါ။ မြေစာရင်းရုံးရယ် ဂိတ်တွေရယ်ကို ဝင်ပစ်တယ်။ တိုက်ပွဲစစချင်း လက်နက်ကြီးစပစ်တဲ့အချိန် ဂိတ်ကခွေးတွေ ဒဏ်ရာရပြီး ပြေးသွားတာတွေရှိတယ်။ ဘန်ကာကကောင်တွေနဲ့ ကျနော်တို့ တိုက်ပွဲဖြစ်နေချိန် မြေစာရင်းရုံးကိုလည်း ဝင်စီးတယ်ပေါ့။ အဲ့ထဲက Non CDM တွေ ထွက်ပြေးသွားတော့ ကျနော်တို့မြေစာရင်းရုံးကို ဝင်ပြီး မီးရှို့နိုင်ခဲ့တယ်” လို့ မြင်းခြံခရိုင် တပ်ရင်း-၃ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် စုံစမ်းမရသေးကြောင်းနဲ့ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ အင်အားတွေကိုလည်း ၁၀ ဘီးကား၂ စီးနဲ့ ပြန်လည်ခေါ်ဆောင်ကာ မြို့အတွင်း အင်အားပြန်လည်ဖြည့်တင်းထားကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ခေတ်ပျက်ကို အခွင့်ကောင်းယူပြီး ပုံစံ (၇) ဂရံတောင်းခံတာတွေပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီခန့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဟန်သူရနဲ့ စစ်ကောင်စီထောက်တိုင် စီးပွားရေးလုပ်ငန်းရှင်တွေကြား ဂယက်ရိုက်ခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကလည်း တောင်သာမြို့ပေါ် မင်္ဂလာဦးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းရင်း စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေနဲ့ ထောက်တိုင်တချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒီအတွက် တောင်သာမြို့ပေါ်က  စစ်ကောင်စီ ထောက်တိုင် Non-CDM ဝန်ထမ်းတွေကြား လုံခြုံရေးစိုးရိမ်ချက် မြင့်မားလာတာကြောင့်ထွက်ပြေးတိမ်းရှောင်မှုတွေ များလာတယ်လို့လည်း လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ၊ ကမ္မမြို့အရှေ့ဘက်ရှိ ရှင်မကန်ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းရှိရာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှာ တစ်အိမ်ထောင် စစ်မှုထမ်းကြေး ၃သိန်း တောင်းခံနေတဲ့ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးသိန်းဦးကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းပြီး လေသေနတ် ၁လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်
Read More

KNDF အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) - အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

မလေးဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံ၊ မြန်မာ့အကျပ်အတည်းနဲ့ ဒေသတွင်းအရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။