ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာစခန်းကနေ သေဘောဘိုး စခန်းအတွက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအချို့ အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မေလ ၂၇ ရက် မနေ့က ညပိုင်းမှာ ဝေါလေဗျူဟာ အခြေစိုက် စစ်ကောင်စခန်းကနေ စစ်ကူလာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းတစ်ခုလုံး ချေမှုန်းရှင်းလင်းခံခဲ့ရသလို စစ်ကောင်စီတပ်သား ၁၆ ယောက်ထက်မနည်း ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ဒေသဘက်ကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်၊ လေးဝေါ်၊ ဝါးမီထ နဲ့ သေဘောဘိုးစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

NUG ၏ အထူးတိုင်းစစ်ဌာနဆိုတာ ဘာလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။
Read More

AA ရဲ့ ထိုးစစ်ဆင်မှုကြောင့် အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို စစ်ကောင်စီ လက်လွှတ်လိုက်ရ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို လက်လွှတ်လိုက်ရပြီလို့  ရခိုင်စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။