အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တပ်ရင်း အမှတ် (၄) က စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သရက်ခရိုင် တပ်ရင်း ၄ ရဲဘော်တွေအနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတွေက ပြည်သူလူထုနဲ့ တွေ့ဆုံပြီး လက်ရှိတော်လှန်ရေး စစ်ရေးအခြေအနေတွေကို ဆွေးနွေးတင် ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါဒေသတွေက ကျေးရွာချင်းဆက်လမ်းပိုင်းတွေကို ဒေသခံလူထုနဲ့ ပူးပေါင်းပြင်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၄ က ဆိုပါတယ်။

သရက်ခရိုင်အမှတ် (၄)တပ်ရင်းရဲ့ စစ်ရေးလှုပ်ရှားရာ ဒေသအတွင်းရှိ ပြည်သူတွေကို လက်ရှိတော်လှန်ရေး စစ်ရေးအခြေအနေတွေ ဆွေးနွေးတင်ပြခဲ့ပြီး ပြည်သူတွေကနေ ပေါက်ဖွားလာတဲ့ ပြည်သူဘက်တော်သားတွေ ဖြစ်တာကြောင့် ပြည်သူနဲ့ တစ်သားတည်းရှိနေသလို အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ တွန်းလှန်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ငါးမျိုးကောင်းရဲဘော်ဆုရ ရဲဘော် ရေလာလေး စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံး

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA (အနောက်မြောက်စစ်ဒေသ) က ငါးမျိုးကောင်းရဲဘော်ဆုရ ရဲဘော်ကိုထက်ဟာ ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ စစ်ကောင်စီစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ရွပ်ရွပ်ချွံချွံ ဝင်ရောက်တိုက်ခိုက်ရင်း ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ခမရ ၃၅၁ တပ်ရင်းက စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်နှင့် အလင်းဝင်

မကွေးတိုင်း ၊ ထီးလင်းမြို့ .တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၅၁) တပ်ရင်းက စစ်မှုထမ်းတပ်သား တစ်ယောက်လက်နက်နဲ့  အလင်းဝင်ရောက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို ထောက်ခံသည့် ဒေါ်သက်သက်ခိုင်ကို ရွေးကောက်ပွဲအပေါ် ဝေဖန်မှုကြောင့် ဖမ်းဆီးစစ်ဆေးနေဟု ဆို

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင် တစ်ယောက်ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ 
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်ချိုမြို့တွင် အင်အားထောင်ချီသည့် စစ်တပ်ထိုးစစ်ကြောင့် ​အရပ်ဖက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားဟု TNLA ဆို၊ မေလမှ ဇူလိုင်လလယ်အထိ နောင်ချိုတွင် ၃၁၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ မေလက စလို့ ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းနဲ့ နောင်ချိုမြို့အနီးရှိ ကျေးရွာတွေကို ဦးတည်ပြီး မြေပြင်မှာ အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်ခြင်းတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။