မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ 9/A Nyar Myae စစ်ဆင်ရေးအဖြစ် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပွားပြီး ပျူစောထီး ၅ယောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ထိခိုက်​မှုတွေရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်-၃တပ်ရင်း တာဝန်ရှိသူ ဗိုလ်မူတူးက မောင်းကိုပြောပါတယ်။

မေလ ၁၅ရက်နေ့ မနက်အစောပိုင်းကစပြီး ပြည်သူ့စစ်ခေါင်းဆောင် ထူးအောင်နဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲရာ ထနောင်းကုန်းကျေးရွာ စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက RPG-7 နဲ့ဦးဆုံးဖြိုခွင်းခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်အုပ်စုတွေဘက်က ဘန်ကာတစ်ခုချင်း နောက်ဆုတ်သွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အကာအကွယ်ယူရာ တိုက်ပေါ်ကျရောက်ပေါက်ကွဲပြီး မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် ၆ယောက် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက် မေလ ၁၆ ရက်နေ့မှာလည်း ထူးအောင် နေအိမ်​ကို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိရာ စစ်ကောင်စီက Mi(35)နဲ့ Y12 ထောက်ပို့ယာဥ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တပ်ဖွဲ့ဝင် ၄ယောက် ထပ်မံထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ပုံစာ – မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင်များအား သိမ်းဆည်းရရှိသည့် ပစ္စည်းများနှင့်အတူ တွေ့ရစဥ်

ဒါ့အပြင် ထနောင်းကုန်းရွာကိုစစ်ကူလာတဲ့ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် ဦးဆောင်တဲ့အကြမ်းဖက်စစ်ကြောင်းနဲ့လည်း တိုက်ပွဲ ၃ရက်မြောက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်အုပ်စုတွေ ဆုတ်ခွာသွားခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်၃တပ်ရင်း တာဝန်ရှိသူ ဗိုလ်မူတူးက ပြောပါတယ်။

“ထနောင်းကုန်းမှာ ထူးအောင်က ဦးဆောင်ပြီး စကစ နဲ့ အထိုင်ချ ဘန်ကာဆောက်ထားတယ်။ ထူးအောင်ရဲ့ဦးလေးက တိုင်းမှူးပါ။ ဒါကြောင့် ပြည်သူ့စစ်မွေးပြီး သူခေါင်းဆောင်တာပါ။ စကစတွေအပါ အင်အားက ၅၀လောက်ရှိပါတယ်။ သီတာယုမွန်တို့ကတော့ ၃ရက်မြောက်နေ့မှ ရောက်တာပါ။စစ်ကြောင်းက ထနောင်းကုန်းရွာထဲကို ရောက်သွားပြီး ထူးအောင်လည်း အဲ့စစ်ကြောင်းနဲ့ ပြန်လိုက်သွားတယ်။ ရွာထဲလည်း အင်းအားထပ်ဖြည့်သွားပါတယ်။” လို့ မြင်းခြံခရိုင်အမှတ်-၃တပ်ရင်း တာဝန်ရှိသူ ဗိုလ်မူတူးက မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲ ၃ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု (၁၄)ကြိမ်တိတိရှိခဲ့ပြီး မြင်းခြံခရိုင်တပ်ရင်း ၃ ရဲ့ တပ်ဖွဲ့ဝင် ၁၀ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
၃ရက်တာတိုက်ပွဲကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ဦးဆောင်ခဲ့ပြီး တောင်သာမြို့နယ် ပကဖက ပူးတွဲဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ပွဲတွေထဲ ကျည်ခဲယမ်း အများအပြား အသုံးပြုခဲ့ရတဲ့အတွက် ထောက်ပံ့မှုတွေလည်း လိုအပ်နေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု ကမ်ပိန်းစာသားများ ရွတ်ပေးရန် အနုပညာရှင်များကို စစ်ကော်မရှင် စေခိုင်းထား၊ ညှိနှိုင်းမှု မဟုတ်တော့ဘဲ ပြင်းထန်စွာ ဖိအားပေးနေဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်တွင်းမှာကျန်နေတဲ့ အနုပညာရှင်တွေအနေနဲ့ ပြည်သူ စိတ်ဝင်စားအောင် ကမ်ပိန်းလုပ်ပေးဖို့ အသည်းအသန် ကြိုးစားနေရာကနေ ခြိမ်းခြောက်ဖိအားပေးတဲ့အဆင့်အထိ ရောက်လာပြီလို့ သိရပါတယ်။
Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ…

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်း ဒေါနတောင်ပေါ်မှာ ရှိတဲ့ တောနော် အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အမေရိကန်၏ ဗင်နီဇွဲလားနိုင်ငံအား ကျူးကျော်မှုကို မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနှင့် မဟာမိတ်အဖွဲ့များ ပြင်းထန်စွာ ရှုတ်ချ

အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုနဲ့ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့မှုအပေါ် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေက ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ ၄ ရက်နေ့က ထုတ်​ပြန်ကြေညာခဲ့ပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ရဟန်း ၂ ပါးအပါ ၁၀ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ရဟန်း ၂ ပါးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာတွင် လက်နက်တပ်ဆင်ပေးထားသည့် အပြာဝတ် ရလဖများအား စစ်ကောင်စီ ပိုမိုအသုံးပြုလာ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေမှာ  စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းနဲ့ ပြည်သူ့စစ်စုဆောင်းတာတွေအပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်လည်း လက်နက်ပေး ဖွဲ့စည်းထားကြောင်း သိရပါတယ်။
Read More

ရိက္ခာရှာထွက်သည့် ကန်နီရွာက စစ်အုပ်စုများ စောင့်ကြိုပစ်ခတ်ရာ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ ကန်နီကျေးရွာရှိ စစ်တပ်စခန်းကို စစ်အုပ်စုတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။