နွေဦးတော်လှန်ရေးကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် မေလအတွင်းမှာ သေဆုံးသူ (၁၇) ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ ၁ ရက်ကနေ ၂၈ ရက် ဒီနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးခဲ့သူ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၆) ယောက် စုစုပေါင်း (၁၇) ယောက် ရှိခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိမှုကြောင့် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၆ ယောက်

အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးခဲ့သူတွေထဲမှာ အကျဉ်းထောင်အတွင်း သေဆုံးသူ (၂) ယောက် ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရား စစ်အာဏာသိမ်းချိန်ကစလို့ မေလ ၂၈ ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူစုစုပေါင်း (၆၇၅၉) ယောက် ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

တိုက်ပွဲ အခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို သွားလာခွင့်ပိတ်

မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမှာ အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှုတွေ ရှိတယ်လို့ ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီ​နေ့ ထုတ်ပြန်ပါတယ်။
Read More

Justice Soldier PDF အဖွဲ့က ပြုလုပ်တဲ့ စနိုက်ပါ မွမ်းမံသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Justice Soldier PDF အဖွဲ့က ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့ ၊ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ စနိုက်ပါမွမ်းမံသင်တန်းကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။