ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၀ ယောက်သေပြီး ၇ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

မေ ၂၈၊ ၂၀၂၅

ပဲခူးတိုင်း ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်သေပြီး ၇ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ Falcons Guerilla Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၉ ရက်က ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက်သေပြီး ၇ ယောက် ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို FALCONS(စွန်ရဲ) တပ်ဖွဲ့ ၊ KLNA တပ်ရင်(၈) တပ်ရင်း(၉)နဲ့ PDFပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တောင်စုကျေးရွာကိုတော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Video-Falcons Guerilla Force

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရဲကားကို တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး၊ ရဲ ၂ ယောက် သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက ရဲ ၂ ယောက် မောင်းနှင်လာတဲ့ ရဲကားကို တိုက်ခိုက်ခဲ့ရာ၊ အဆိုပါ ရဲနှစ်ယောက်သေဆုံးပြီး သေနတ် နှစ်လက်နဲ့ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း-NPDF က ဒီကနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မံစီမြို့သိမ်းတိုက်ပွဲအတွင်း ABSDF ရဲဘော်တွေရဲ့ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့က အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွေကို ABSDF ရဲဘော်တွေက တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ကျောင်းသားတပ်မတော် ABSDF က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရေဦးမြို့တွင်း အတုအယောင်ရွေးကောက်ပွဲ ကျင်းပနေချိန် မြို့အဝင် ဂါဝီဂိတ်ကို ၄၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့အဝင်ရှိ ဂါဝီဂိတ်ကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၄ ဆီက သိရပါတယ်။
Read More

ရေးစပ်ဖန်တီးသူ တော်လှန်လူငယ် ၂ ယောက်ထဲက ၁ ယောက် ဖမ်းဆီးခံရပြီး အစအန ပျောက်နေတဲ့ “နွေမှာပျံသန်းသည့်ငှက်ငယ်”

မြို့ပြပြောက်ကျား လူငယ်နှစ်ယောက်ဟာ တော်လှန်ရေးကာလအတွင်း ပြေးရင်းလွှားရင်း “နွေမှာပျံသန်းသည့်ငှက်ငယ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးစပ်ဖန်တီးခဲ့ကြပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းအား စနိုက်ဘာဖြင့် ပစ်ချနိုင်ခဲ့သည့် မှတ်တမ်းရုပ်သံ

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး အသေခံဒရုန်း တွေနဲ့ တိုက်ခိုက်နေတဲ့ ကြားကနေ ဒရုန်းကို စနိုက်ဘာနဲ့ ပစ်ချနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို  SSNDF/ KNDF B-101  က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြောင်က ကျောက်ရစ်စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Anyar Federal Task Force (A F T F) မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။