အကြမ်းဖက်စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့မှာ မန္တလေးသပိတ်အင်အားစုက အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေတဲ့အပေါ် “ STOP THE JUNTAS WAR ON THE CHILDREN OF MYANMAR – ဒို့ကလေး တွေကို သတ်ဖြတ် နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ရပ်ရွာ၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို မြေပြင်ကရော ဝေဟင်ကနေပါ တိုက်ခိုက်မှုတွေ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေတာဖြစ်ပါတယ်။

အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်နေသရွေ့ စစ်မှန်တဲ့ ဘေးကင်း လုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မှာမဟုတ်ဘဲ အာဏာရှင်စနစ်ဟာ လူထုတစ်ရပ်လုံးရဲ့ ပင်မရန်သူဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစု က ပြောပါတယ်။
0 Shares:
You May Also Like
Read More

တနင်္သာရီမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့ဘန်လောရွာနဲ့ အနောက်ဘန်လောရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က ထုတ်ပြန်ထားပါတယ်။
Read More

နမခကနေ စစ်ကိုင်းဘက်လာတဲ့ သံချပ်ကာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ၇ ယောက် သေ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာ နမခကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်​ကောင်စီသံချပ်ကာယာဥ်တန်းကို ချောင်းဦး- မြင်းမူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ ကား၂ စီး ထိခိုက်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ လျှပ်စီးတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းကို သတ်ခဲ့သည့် တရားခံ ၄ ဦးဟာ ပြည်သူ့စစ် တပ်သားဟောင်းများ ဖြစ်

တနင်္သာရီတိုင်း၊ ပုလဲမြို့မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ခဲ့တဲ့ တရားခံ ၄ယောက်ဟာ ပြည်သူ့စစ် တပ်သားဟောင်းတွေဖြစ်တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
Read More

မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူများကို အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ တစ်နပ်စာ ထမင်းအာဟာရဒါနပြုခဲ့…

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး နှစ်ဆန်းတရက်နေ့က မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် တစ်နပ်စာထမင်းအာဟာရအလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။