မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။

မေလ ၁၈ ရက်က ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ် ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှော့ကတ်တွေဟာ မင်္ဂလာဆောင်ကို လုံခြုံရေးပေးထားတဲ့ စစ်ကောင်စီတပ်သားကင်းပုန်း နေရာ၊ စစ်ကောင်စီအထိုင်စခန်းနဲ့ မင်္ဂလာဆောင်ထဲသို့ အသီးသီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါ တယ်။

စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ Borderless ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ BaNyein Guerrilla Forceနဲ့ COBRA ONE Pakokku တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့ပေါ်က အင်အား ၁၀၀ ခန့်ရှိသည့် စစ်အုပ်စု တပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်၍ စစ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုတပ်စခန်းကို ဒရုန်းတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့က ဒီနေ့သတင်း ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းဂိတ်အား တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အနောက်အထွက်ရှိ အကြမ်းဖက်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ထံက သိရပါတယ်။
Read More

လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းအမြောက်စခန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ ၂ ပွင့်ဗိုလ်အပါ ၈ ဦးသေစေခဲ့သည့် တိုက်ပွဲပြန် တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၂ ပွင့်ဗိုလ်အရာရှိ အပါအဝင် ၈ ယောက်သေစေခဲ့တဲ့ တိုက်ပွဲပြန် တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။