ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းရွာမှာ အင်အား ၃၀ နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီရဲ့ ဗိုလ်ရုံစုကို တိုက်ခိုက်ရှင်းလင်းမှုအတွင်း စစ်ကောင်စီတပ်သား ၈ ‌ယောက်သေခဲ့ တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၅ ရက် နံနက်ပိုင်းက အုတ်ဖိုမြို့နယ်အပိုင် ထန်းပင်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဗိုလ်ရုံစုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ခမရ ၆ တိမ်မြုပ်တပ်မှ လက်နက်ကြီးပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ညနေပိုင်းမှာ စစ်ကောင်စီတပ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ လက်နက်ကြီး လက်နက် ငယ်တွနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အထိနာကာ အလောင်း ၈ လောင်းကို သယ်ဆောင်ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

စခန်းအတွင်းကို တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စခန်းအတွင်းမှ ၆၀ မမ အသီး ၁၂လုံး၊ လက်ပစ်သီး ၅ လုံး၊ ၅.၅၆ ကျည် ၃၀၀ တောင့်၊ အီနာဂါပို့ကျည် ၅ တောင့်၊ တူမီး ၁ လက်၊ ဆန် ၂ အိတ်၊ စားဆီ ၁ ပုံး၊ ဖိနပ် ၂ ရံ၊ အီကွေ့မန့် ၃ ခု၊ ဘောင်းဘီ ၂ ထည်၊ ဦးထုပ် ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းစစ်ဌာန နည်းဗျူဟာ ၂၂ ၏ အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ (၂၂) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က သာယာဝတီခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေ ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ပျင်းဖြူသားဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ T5 Wings အဖွဲ့မှ မနေ့ဇွန်လ ၂၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လယ်ယာလုပ်ကိုင်သူတွေကို ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်အုပ်စု ဗုံးကြဲခံရပြီး ၁ယောက်သေ၊ ၈ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း လယ်ယာလုပ်ကိုင်နေတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ PDF ကာကင်းများအား PNO နှင့် စစ်ကော်မရှင် ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဟုဆို (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ကာကင်းယူထားတဲ့ ကာကင်းပွိုင့် ၂ ခုကို PNO နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ Battalion 808 - Nay Pyi Taw PDF မှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းမှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ PDF ကာကင်းပွိုင့် ၂ ခုကို PNO နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။
Read More

ညောင်ဦးမြို့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့က ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်းမှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက ဖယောင်တိုင်မီးကတစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။