ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းကို မေလ ၂၇ ရက်မနေ့ညကစပြီး ဒီနေ့ မနက်ပိုင်းအထိ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီး စစ်သားအများအပြားထိခိုက်သေဆုံးခဲ့သလို၊ အများအပြားကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
video- Black Panther Column

 

0 Shares:
You May Also Like
Read More

ခရီးသွားပြည်သူတွေကို ဂိတ်ချပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ သေနတ် ၁ လက်ရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီကွေ့မှာ ဂိတ်ချပြီး ခရီးသွား ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ တယ်လို့ Federal Polaris Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ရှောင်တွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး အခိုင်အမာတပ်စွဲပြီး စစ်ရှောင် ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)ထံက သိရပါတယ်။
Read More

ဘုရားကြီးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို  တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲနှင့် စစ်သား တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တစ်နေရာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲနဲ့ စစ်သားကို တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်ကြီးတံခွန်မြို့နယ်ကို နေအိမ်ပေါ် မီးပုံပျံကျရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ မီးပုံပျံ အိမ်ပေါ်ကျရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။