မြန်မာ-ထိုင်းနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို Cobra Column စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဒါဘော ဦးဆောင်တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။

မေလ ၂၇ ရက်၊ မနေ့ညကစပြီး ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွါးနေခဲ့တာပါ။

စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီး အယောက် ၃၀ ဖမ်းဆီးရမိကာ အများအပြားသေဆုံးသွားတယ်လို့ သိရပါတယ်။

Video-Thoolei Poe
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် သထုံခရိုင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံမှူးအပါအဝင် ၃ ယောက် တိုက်ခိုက်ခံရပြီး စုံမှူးဒဏ်ရာရကာ ဒုစုံမှူးနဲ့ လ/ထစုံမှူး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ ၄ ၊ UGထံက သိရပါတယ်။
Read More

စစ်ကောင်စီဟာ ရှမ်းမြောက်က ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

ရွှေတစ်ဂူကျေးရွာမှာ ပြည်သူ့စစ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ပူးပေါင်းအထိုင်ချစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က PNO ပြည်သူ့စစ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ပူးပေါင်းအထိုင်ချထားတဲ့ စခန်းကို ကရင်နီတပ်‌ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို P3-1109 Phoenix Battalion က ထုတ်ပြန်လိုက်ပါတယ်။
Read More

သာစည်အကျဉ်းထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာ သာစည်ထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို စက်တင်ဘာ ၂၃ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်-မြိတ်အမှတ် (၈) လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ် အမှတ် (၈) လမ်းပေါ်ရှိ ရွှေဂူဂိတ်ကို ဖေဖော်ဝါရီ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။