မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မြိုင်မြို့နယ်အထိ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အရပ်သားတွေ ထွ​က်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ ၂၇ရက်၊ မနက်ပိုင်းကစပြီး ပခုက္ကူမြို့ တပ်မ ၁၀၁ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဖောကား ၅စီးနဲ့အတူ မှိုက်ပင်ကုန်းရွာကို ရောက်ရှိရင်း ငဖောင်ကန်ရွာဘက်ဆီ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ငဖောင်ကန်ရွာကတဆင့် အနောက်ဘက်ဆီလက်နက်ကြီးပစ်ခတ်ကာ ဆက်လက်စစ်ကြောင်းထိုးလာရာ အဲ့ဒီနေ့ညပိုင်းမှာပဲ ညောင်ဂျစ်ပင်ရွာပျူစောထီးစခန်း ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအတွက် စစ်ကြောင်းထိုးရာ ညောင်ဂျစ်ပင်-ကန်တော်စခန်းလမ်းပိုင်းကိုလည်း ဒေသကာကွယ်ရေးတပ်တွေက ယာယီပိတ်ထားခဲ့ပါ​သေးတယ်။

မေလ ၂၈ရက် ဒီနေ့ မနက်ပိုင်းမှာတော့ အထက်ပါအကြမ်းဖက်စစ်ကြောင်းဟာ ညောင်ဂျစ်ပင်စခန်းကတဆင့် ဖောင်ကျောင်း၊ ဖောင်ကွဲ၊ ရေလာကြီးစတဲ့ရွာတွေကိုဖြတ်ရင်း ကမ္မမြို့အထိရောက်ရှိခဲ့ကြောင်း၊ နေ့လယ်ပိုင်းမှာလည်း ဝါးကျွန်းတွင်းရွာအနောက်တောင်ဘက်ကတဆင့် တွင်းမပျူစောထီးရွာဘက်ဆီ ဆက်လက်စစ်ကြောင်းထိုးခဲ့ကြောင်း သိရပါတယ်။

ပုံစာ – အကြမ်းဖက်စစ်ကားများ (ပုံဟောင်း)

“သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ လက်ရှိ ညနေပိုင်းမှာလည်း ပခုက္ကူမြို့ကတဆင့် ကား၆စီးနဲ့ အင်အားဖြည့်တင်းတာမျိုးတွေရှိကြောင်း သိရပါတယ်။

မေလ ပထမပတ်တုန်းကလည်း ပခုက္ကူတပ်မ ၁၀၁က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ပခုက္ကူကတဆင့် မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်ရင်း တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုတွေ ထိခိုက်သေဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကိုလည်း ဂရုပြုကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားကြပါသေးတယ်။

0 Shares:
You May Also Like
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

KNDF ၁၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦး ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ၊ စစ်ကောင်စီ စစ်ကြောင်းမှူး သေဆုံးကာ အထိနာ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြောင်းလေကြောင်းထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
Read More

လားရှိုးမြို့နယ်တွင် SSPP နှင့် MNDAA တိုက်ပွဲဖြစ်ပွား၊ MNDAA တပ်သား ၈ ဦး ကျဆုံးဟု SSPP ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စုအနီး နားလိုင်ရွာအထွက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA စစ်ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDJP/MNDAA)တို့ နှစ်ဖက်တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။
Read More

အွန်လိုင်းမှတဆင့် စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုနှင့် စိတ်ဓာတ်စစ်ဆင်ရေးကို ပြည်သူများ သတိပြုရန်နှင့် သတင်းတု၊ သတင်းမှားများကို သိရှိနားလည် ရှောင်ရှားပြီး မဖြန့်ချိမိဖို့ TNLA သတိပေး…

အကြမ်းဖက်စစ်အုပ်စုရဲ့ အွန်လိုင်းကို အသုံးပြုပြီး ဝါဒဖြန့်ချိမှုနဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိပြုပြီး သတင်းတု၊ သတင်းမှားတွေကို သိရှိနားလည်ကာ မဖြန့်ချိမိဖို့ တအာင်းတပ်မတော်(TNLA)က သတိပေးတိုက်တွန်းလိုက်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်းရှိ စစ်ရှောင်အချို့ကို ခရိုင် ပကဖက ဆေးဝါးထောက်ပံ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ သတင်းတာဝန်ခံနဲ့ ပကဖရဲဘော်​တွေဟာ (၅) နှစ်အောက် ကလေးသူငယ်တွေ အရေးပေါ်ဖျားနာမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး စစ်ရှောင်အချို့အတွက် ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။