ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံ စစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲကို နယ်မြေအခြေအနေအရ မေလ ၂၆ ရက် မနေ့က အကျဥ်းချုံး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ တပ်ဖွဲ့တာဝန်ခံ၊ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်ခွဲ-၁ တပ်ခွဲမှူး၊တပ်ခွဲ-၂ တပ်ခွဲမှူး၊ တပ်ခွဲ-၃ ခွဲမှူးနဲ့ သက်ဆိုင်ရာ တာဝန်ခံအသီးသီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ တက်ရောက်လာတဲ့ တာဝန်ရှိသူတွေနဲ့ သင်တန်းဆင်းရဲ​​ဘော်တွေက အလံတော်အလေးပြုတာနဲ့ သစ္စာအဓိဋ္ဌာန်သီဆိုတာ၊ ဒုတပ်ရင်းမှူးက သင်တန်းဆင်းရဲဘော်တွေ သစ္စာရေတိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား၊ တပ်ရင်းမှူး ကိုရိန်းဂျား၊ ဒုတပ်ရင်းမှူး ကိုမင်းထင်၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုနန္ဒတို့က သင်တန်းဆင်းရဲဘော်တွေကို အမှာစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်(ပကဖ)ဟာပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်နေ့က အမှတ်စဉ်(၃) သင်တန်းဆင်းပွဲပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

တစ်နှစ်အတွင်း ရန်ကုန် လမ်းမများပေါ် တွင် အကြမ်းဖက် စစ်တပ် ဖမ်းဆီးခံရသူ ၈၄၀ ရှိကြောင်း RSN ထုတ်ပြန်

၂၀၂၅ခုနှစ်အတွင်း ရန်ကုန်မြို့ လမ်းမတွေ ပေါ် ရှိနေတဲ့အချိန် ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူ အယောက် ၈၄၀ ရှိတယ်လို့ Rangoon Scout Network – RSN က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် ရေဘေးသင့် ရေရှည်စစ်ဘေးရှောင် ပြည်သူများကို ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရေဘေးသင့် ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို Shwebo Crococdile တပ်ဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ နဲ့ ရွှေဘိုမြို့နယ် လူ့ခွင့်ရေးတာဝန်ခံ တို့က ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့အလှူငွေနဲ့ ပြည်သူ မှ ပြည်သူသို့ ပြန်လည်ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီစိုးမိုးထားတဲ့ ကျွန်းလှ-ကန့်ဘလူလမ်းပိုင်းမှာ ပျုစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ယောက် သေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ စိုးမိုးထားတဲ့ ကျွန်းလှ- ကန့်ဘလူ လမ်းပိုင်းမှာ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ယောက်သေကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။