ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း၂၈ (ဓားမဆိုင်းတပ်မတော်) တပ်ခွဲမှူး ရဲဘော်နိုင်းနိုင်းရဲ့ မိဘတွေကို အဆိုပါ တပ်ရင်း ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။

KIA ဦးဆောင်ဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးအတွင်း မေလ ၂၂ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ရဲဘော် နိုင်းနိုင်းဟာ အခုမှ အသက် ၂၁ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။

ရဲဘော် နိုင်းနိုင်းဟာ (က) သုံးလုံးစစ်ဆင်ရေး လို့ခေါ်တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့သူ ဖြစ်ပြီး ဗျူဟာစုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဥ်(၃) မှာ စံပြဆုရထားသူ ဖြစ်ပါတယ်။

Video-ဗိုလ်စွမ်း
0 Shares:
You May Also Like
Read More

”ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်”

''ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်"
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနှင့် တွဲတွန်းသင်္ဘောအုပ်စုကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနဲ့ တွဲတွန်းသင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းတွေ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တွင် စစ်ကြောင်းထိုးလာသော စစ်အုပ်စုကို တိုက်ခိုက်၊ ၂ လအတွင်း စစ်သား ၄၀ ခန့် ထိခိုက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းဖို့ အင်အား ၃၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းများနဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းစစ်ကြောင်းတို့ သြဂုတ်လမှ စက်တင်ဘာလထိ ၂ လတာကာအတွင်း  ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၊ စစ်သား အယောက် ၄၀ ခန့် ထိခိုက်သေဆုံးသွားကြောင်း ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၊ ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနက ဒီကနေ့ညမှာ ထုတ်ပြန်ပါတယ်။
Read More

KIA သိမ်းပိုက်ထားတဲ့ လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းစစ်ကြောင်းထိုးလာ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တွေ စက်တင်ဘာ ၁၉ ရက်က စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်ရှိ ပျူခေါင်းဆောင် နေလင်းနဲ့ အဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်မှ ပျူခေါင်းဆောင် နေလင်းခ(ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်း လာတဲ့ ယာဉ်ကို ဧပြီ ၂၀ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။