ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ရှိ ပြည်သူလူထုနေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် (၉)နာရီခန့်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က နောင်တောကျေးရွာကို လက်နက်ကြီး (၃)လုံးပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ထိခိုက်မှုမရှိပေမယ့် ပြည်သူနေအိမ်(၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ရှိရာနေရာကို သွားလာတာမပြုလုပ်ဖို့၊ အကြောင်းမသိဘဲ ကိုင်တွယ်ဖြုတ်ကြည့်တာတွေ မပြုလုပ်ဖို့နဲ့ လက်နက်ကြီးကျ‌ထားတဲ့နေရာတွေမှာ ကလေးငယ်တွေ ဆော့ကစားခြင်းမပြုစေဖို့ အထူးဂရုစိုက်သင့်ကြောင်း DPLA က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်အခတ်ရပ်စဲရေး‌ကြေငြာထားတဲ့ TNLA ထိန်းချုပ်နယ်မြေတွေအတွင်း ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေယာဉ်တွေ၊ အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဒီဇင်ဘာလ နောက်ဆုံးထားပြီး ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီများနှင့် စစ်အုပ်စုလက်အောက်ရှိ Non – CDM ဝန်ထမ်းများ အပြီးပိုင်ထွက်ခွါခဲ့ကြရန် နှင့် မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ဆားလင်းကြီး ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီတွေအပါအဝင် စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေမှာရှိတဲ့ ပုဂ္ဂလိက Non - CDM ဝန်ထမ်းတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ပူးပေါင်းကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ပုဂ္ဂလိက Non - CDM ဝန်ထမ်းများစီမံခန့်ခွဲရေးကော်မတီထံက သိရပါတယ်။
Read More

ပခုက္ကူတွင် တာဝန်နှင့် ပြောင်းလာသည့် ပျူစောထီးကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ပျူခေါင်းဆောင်အပါ ၄ဦးသေပြီး လက်နက်နှင့်ငွေသားတချိို့ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်ဖြစ်သူအပါ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်း တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့က သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနဲ့ သွေးချင်းညီမများအဖွဲ့နဲ့အတူ စားနပ်ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကို ဇန်နဝါရီလ ၇ ရက်မှာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အိမ်ထဲရောက်နေတဲ့ သူခိုးက ဓားနဲ့ထိုးလို့ အိမ်ရှင်အမျိုးသား ပွဲချင်းပြီး သေဆုံး…

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် သုခဒဂုံအိမ်ရာမှာ သူခိုးကို ဖမ်းဆီးဖို့ကြိုးစားရာမှ အိမ်ရှင်လင်မယား ဓားထိုးခံရပြီး အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
Read More

သတ်ဖြတ်ပြီး လိုချင်တာတောင်းတဲ့ခေတ် ကုန်သွားပြီလို့ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ လူငယ်တွေကို ဩဝါဒချွေ

လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။