စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို ၁၀၇ မမရှော့ တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Brave Warriors for Myanmar (BWM) က ထုတ်ပြန်ဖော်ပြထားပါတယ်။

မေလ ၂၅ ရက် ညပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို ၁၀၇ မမ ရှော့တိုက် ဒုံး ၇ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၆ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့က တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တွေကို အဓိက အမိန့်ပေးကွပ်ကဲနေတဲ့ စစ်ဌာနချုပ်ဖြစ်ပြီး အဲဒီဒေသတွေက တော်လှန်ရေး အင်အားစုတွေနဲ့ အညာဒေသပြည်သူတွေကို အဓိက ဒုက္ခပေးနေတဲ့ စက်တပ်လေထီးတွေကို အဓိက သိုလှောင်ထားရှိတဲ့ စစ်ကောင်စီဌာနချုပ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒ့ါအပြင် အိုးတိန်တွင်းရွာ ဗုံးကြဲမှုကိစ္စအပါအဝင် အညာဒေသကို လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်မှုတွေကို အဓိက ကြိုးကိုင် ခြယ်လှယ်ကွပ်ကဲနေတဲ့ စစ်ဌာနချုပ်တစ်ခုလည်း ဖြစ်တာကြောင့် BWM နဲ့ မဟာမိတ်အဖွဲ့တွေက BWM ရဲ့ Mission ၃၉ အဖြစ် ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ No More Dictatorship (NMD) နဲ့ Shadow (Monywa) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နယ်မြေခံတပ်ဖွဲ့တွေဖြစ်တဲ့ Yan Gyi Aung အဖွဲ့၊ Budalin Mobile Team အဖွဲ့၊ နယ်မြေခံပကဖ၊ ရွှေတြိဂံ မဟာမိတ် တပ်ရင်း၊ Justice Brother Force အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာ စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီးရဲကင်းစခန်းကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း  စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့သလို ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းဂိတ်အား တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အနောက်အထွက်ရှိ အကြမ်းဖက်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ထံက သိရပါတယ်။
Read More

ထန်းလှီးဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကနေ ထန်းလှီးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက်အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ထံက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာရှိ စက်သုံးဆီဆိုင်နဲ့ စားသောက်ဆိုင်ကို လူစည်ကားနေ ချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပကဖ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲ့ စခန်းတွင်း ပြုပြင်ရေးလုပ်ငန်းခွင် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စခန်းတွင်း လက်နက်ငယ်ပြုပြင်ရေး၊ ဒရုန်းပြုပြင်‌ရေးနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပြုပြင်ရေး လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

တော်လှန်ရေးအမည်ခံ လုပ်စားနေသည့်အဖွဲ့များကို အရေးယူသွားမည်ဟု ပုဂံပြည်ဘီလူးတပ်ဖွဲ့ ပြောကြား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ‌တော်လှန်ရေးကို ပုံရိပ်ကျစေတဲ့ PDF အမည်ခံပြီး ဓားပြတိုက်ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေကို အရေးယူသွားမယ်လို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုဇီးက ပြောပါတယ်။