မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မေလ ၁၅ ရက်ကစတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ဆီမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ ၁၈ ရပ်ကွက်နဲ့ ခရိုင်ထွေအုပ်ရုံး၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ဝက်လူးရဲစခန်း၊ Gas ပိုက်လိုင်းနဲ့ မြို့မစခန်း၊ ဇီရွာအနီးစစ်ကြောင်း၊ တောင်သာမြို့နယ်အတွင်းရှိ ထနောင်းကုန်းပျူရွာစခန်း၊ မြို့ဝင်ဂိတ်၊ Gas ပိုက်လိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့ဝင်ဂိတ်၊ မြို့သာဘဏ်စောင့်ကင်းစခန်းတို့ကို ခရိုင်အဆင့်စစ်ဆင်ရေးအဖြစ် တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီး အယောက် ၅၀ နဲ့အထက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ သေနတ် ၂၇ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင်စစ်ဌာနက ခရိုင်ကွပ်ကဲရေးမှူးရဲ့ စီမံကွပ်ကဲမှုနဲ့ မြင်းခြံခရိုင် Commando၊ မြင်းခြံခရိုင်တပ်ရင်း (၁၊၂၊၃၊၄၊၆၊၇၊၈၊၉၊၁၀)၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံမြို့နယ်ပကဖ၊ နွားထိုးမြို့နယ်ပကဖ၊ တောင်သာမြို့နယ်ပကဖ၊ ငါန်းဇွန်မြို့နယ်ပကဖ၊ ကျောက်ဆည်ခရိုင် Commando၊ မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်း၊ နေပြည်တော် အမှတ် (၈၀၁) တပ်ရင်း၊ တံတားဦးမြို့နယ် ပကဖ၊ မိတ္ထီလာပကဖ ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

Video – Myingyan District Drone Strike -MDDS

0 Shares:
You May Also Like
Read More

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ၃ ယောက်သေခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်း (ရုပ်/သံ)

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အထိုင်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ အထိုင်စခန်းတွေကို ၃ ဆက်ရက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းခြံတွင် အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ 
Read More

အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
Read More

စလင်း-ဆင်ဖြူကျွန်းကားလမ်းတွင် ဖမ်းဆီးမိခဲ့သည့် စစ်တပ်ထုတ်ကုန် Myanmar Beer များအား ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း စလင်း-ဆင်ဖြူကျွန်းကားလမ်းပေါ်မှာ ဖမ်းဆီးမိတဲ့ စစ်တပ်ထုတ်ကုန် Myanmar Beer တွေကို ရှင်းလင်းခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။