ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်က သိုက်ချောင်းကျွေးရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။

မနေ့က မေလ ၂၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ အင်အား ၅၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်အုပ်စု၊ သိုက်ချောင်းရွာက နေအိမ်ကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေချိန်မှာ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁၊ အမှတ် (၁) တပ်ရင်း တပ်ခွဲ (၁)၊ တပ်ခွဲ (၄)၊ တပ်ခွဲ (၅) နဲ့ ပေါက်ခေါင်း (ပကဖ) တို့က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“မနေ့က သူတို့ ဖောကား ၂စီးနဲ့ တက်လာတာ။ လမ်းမှာ ကားတွေကို ထားခဲ့ပြီး ခြေလျင်တက်လာတာ ပြီးတော့ သိုက်ချောင်းကျေးရွာကို မီးဝင်ရှို့တာ။ သူတို့ရော ကျနော်တို့ရော လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကတော့ ၁ယောက်ကျသွားတယ်။ မျက်မြင်ပါပဲ။ ကျနော်တို့ ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်။ ရွာထဲက အိမ် ၁၅လုံးလောက် မီးရှို့ခံလိုက်ရပါတယ်” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို ည ၈ နာရီဝန်းကျင်အချိန်မှာ ကားနဲ့ ပေါက်ခေါင်းဘက်ကို ပြန်လည်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီက တစ်ပတ်အတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချပြီး ပြည်သူ ၈ယောက် သေဆုံးစေခဲ့

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးသီးအလုံးရေ (၁၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး (URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် နောက်တန်းစခန်း တစ်နေရာမှာ ဇွန် ၇ ရက် ဒီနေ့ မှာ ပြုလုပ်ခဲ့တယ်လို့ URF က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနှင့် ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ကရင်အမျိုးသားအစည်အရုံး - KNU ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားပြီး ပြည်သူလူထု နေထိုင်ရာကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်က အပစ်ရပ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်များ လာရောက်တိုက်ခိုက်နေသည်ဟု ဇော်မင်းထွန်း ဝါဒဖြန့်ပြောဆို

စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆိုပါတယ်။