မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ထနောင်းကုန်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၅ ရက် မနက်ပိုင်းက ထနောင်းကုန်းကျေးရွာအဝင်မှာ တည်‌ဆောက်ထားတဲ့ ဘန်ကာကို တော်လှန်ရေးတပ်တွေ RPG-7 နဲ့ စတင်ပစ်ခတ်ပြိုချခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ထနောင်းကုန်းကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ရဲ့ ၂ ထပ်တိုက် နေအိမ်တွေကို ဆုတ်ခွာသွားပြီး တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ရဲဘော်တွေ အ ကာအကွယ်ယူထားတဲ့ တိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၅၀၀ ဗုံးကြဲချခဲ့တဲ့အတွက် မြင်းခြံခရိုင်အမှတ်၃တပ်ရင်း ရဲဘော် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၁၆ ရက်မှာ တော်လှန်ရေးရဲဘော်တွေ ပျူစောထီးခေါင်း‌ဆောင်နေအိမ်ကို ပိတ် ဆို့ထားချိန် Mi35 နဲ့ Y12 လေယာဉ်တွေက ပစ်ခတ်ဗုံးကြဲခဲ့အတွက် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ရဲဘော် ၄ ယောက် ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပျူခေါင်းဆောင်နေအိမ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေဟာ နေအိမ်သို့ ကပ်မရအောင် နင်းမိုင်း၊ တိုက်မိုင်း၊ လျော့မိုင်းတွေ ဆင်ထားခဲ့ပြီး တော်လှန်ရေးတပ်တွေ ပိတ်ဆို့ ထားချိန် မြင်းခြံက ပျူစောထီး သီတာယုမွန် ဦး‌‌ဆောင်တဲ့ စစ်ကြောင်းစစ်ကူရောက်လာတဲ့အတွက် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေစဉ်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၄ ကြိမ်ပြုလုပ်ခဲ့ပြီး နေအိမ်အတွင်း ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို သီတာယုမွန်ဦးဆောင်တဲ့ စစ်ကြောင်း က ကယ်ထုတ်သွားနိုင်ခဲ့ကာ တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေ ကျည်ခဲယမ်း အများအပြား အသုံးပြုခဲ့ရတဲ့အတွက် ကျည်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းနိုင်ရေး ကူညီထောက်ပို့ပေးကြဖို့ မြင်းခြံခရိုင် အမှတ်၃တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

Video – MGN District Army-MDA3

0 Shares:
You May Also Like
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေ အိမ်တံခါးလာခေါက်တာ ခံမလား၊ ပြည်သူတွေချစ်တဲ့ တော်လှန်ရေးတပ်ထဲ လာမလား (ရုပ်/သံ)

မြန်မာနိုင်ငံအနှံ့ အမျိုးသား အမျိုးသမီး အသက်အရွယ်စုံကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ ရှောင်တိမ်းလိုတဲ့ လူငယ်တွေအတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ကျားသစ်နက်စစ်ကြောင်းကနေ တော်လှန်ရေးတပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ဖမ်းမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သုံ့ပန်းများ သူတို့၏ တရားမဲ့လုပ်ရပ်များအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ စစ်သုံ့ပန်းတွေဟာ တရားမဲ့လုပ်ရပ်တွေအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သား တွေကို ‌အောက်တိုဘာ ၂၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KBU-တောလေးအဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းကုန်းကို 81 MM လက်နက်ကြီးနဲ့ ချေမှုန်းခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကုန်းကို CDF-Mindat နဲ့ မဟာမိတ်တပ်တွေက 81 MM လက်နက်ကြီးနဲ့ ပစ်ခတ်ချေမှုန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ဒီနေ့ညပိုင်းမှာ CDF-Mindat (သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန)က နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန်ပြသလိုက်ပါတယ်။