ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်က ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀ ယောက်သေဆုံးပြီး ၇ ယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စွန်ရဲ တပ်ဖွဲ့က ဆိုပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာတော့ ပြန်လည်ဆုတ်ခွာသွားပြီး တောင်စုကျေးရွာကုထ တော်လှန်ရေးပူးပေါင်းတပ်တွေ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ KLNA တပ်ရင်း(၈) ၊ တပ်ရင်း(၉) ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ Falcons Guerrilla Force တို့ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – Falcons Guerrilla Force တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း တိုင်း ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေပေးနေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနက အပတ်စဉ် ထုတ်ဝေနေတဲ့ စစ်သတင်းလွှာကို အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းအတွင်းရှိ ပြည်သူလူထုတချို့ဆီ ဖြန့်ဝေပေးခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကိုင်းကနေ မုံရွာကိုလာတဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကိုလည်း အနီးကပ် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-မန္တလေးလမ်းပိုင်းပေါ် လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး  အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်သွားကြောင်း Brave Heart Army (BHA) အဖွဲ့ထံက သိရပါတယ်။
Read More

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း (၄) နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ 96 Soldiers-PDF - အညာတပ်ခွဲက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

မုံရွာ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။