မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ဥက္ကဋ္ဌ ရဲဘော် နေမွန် ဦးဆောင်တဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တို့အကြား ပထမအကြိမ် တွေ့ဆုံမှုကို အွန်လိုင်းကတစ်ဆင့် မေ ၂၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဖွဲ့အစည်း ၂ ခုက ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာတော့ နှစ်ဖက်အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးဖြစ်ထွန်းမှု အခြေအနေတွေကို သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ လုပ်ငန်းစဥ်တွေ အားကောင်းလာစေဖို့ အတွက်လည်း လက်တလော လုပ်ငန်းစဥ်၊ ရှေ့လုပ်ငန်းစဥ်တွေကို နှစ်ဖက် အပြန်အလှန် ဆွေးနွေပြီး အမြင် ဖလှယ်ခဲ့တယ်လို့ သိရပါတယ်။

ပြန့်ကျဲနေတဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစု အဖွဲ့အစည်း အသီးသီးကို စုစည်းရေးနဲ့ မဟာမိတ်ဆိုင်ရာ စုဖွဲ့တည်ဆောက်ရေးလုပ်ငန်းစဥ်တွေထဲက လိုအပ်တဲ့ အချက်ကို အလေးထားပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ ABSDF နဲ့ PRA (မကွေး) က ပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ စစ်ကောင်စီ လက်ပါးစေတွေ နေ့စဉ်ရက်ဆက် ပေါ်တာဆွဲနေ၊ လူငယ်တွေ အလုံးအရင်း ဖမ်းဆီးစုဆောင်းခံနေရ

မန္တလေးမှာ အကြမ်းဖက်စစ်အုပ်စုလက်ပါးစေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်ဖမ်းဆီးစုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။
Read More

တမူခုန်းရွာက ပြည်သူ့စစ်အဖွဲ့ဝင်တချို့ သေနတ် အလက် ၃၀ နဲ့အတူ KIA ထံ အလင်းဝင်

ပန်ဝါနဲ့ ကန်ပိုက်တီကြားမှာရှိတဲ့ တမူခုန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံလုပ်နေတဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့က ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ဦးဆောင်ပြီး သေနတ်အလက် (၃၀)နဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံ အလင်းဝင်ရောက်လာကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ကလေးငယ်များ၏ပညာရေး မဆုံးရှုံးစေရန်နှင့် ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမည်ဟု စာသင်ကျောင်းများကို ဗုံးကြဲနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်

နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ကလေးငယ်တွေရဲ့ ပညာရေး မဆုံးရှုံးစေဖို့နဲ့ ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမယ်လို့ ပြောဆိုလိုက်ပြန်ပါတယ်။
Read More

ကျောက်တံခါးတွင် ငလျင်အပြီး သေဆုံးသူ ၁၁ ဦး ရှိ၊ ရဲနွယ်ဆည်အတွင်း ရေနစ်သူများ အလောင်းပြန်မရသေးသလို သောက်သုံးရေ အခက်အခဲများလည်း ရှိလာ

စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Read More

ဖက်ဆစ်တွေထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ရမည့် နောက်ဆုံးတိုက်ပွဲဟု CRPH က ဖက်ဆစ်တော်လှန်ရေးနေ့ကို သဝဏ်လွှာပေးပို့ 

လက်ရှိ  နွေဦးတော်လှန်ရေးဟာ  စစ်အာဏာရှင်စနစ်ဆိုး ကိုတော်လှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်မယ့်  နောက်ဆုံး တိုက်ပွဲသာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က  နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာက တဆင့် ကြေညာလိုက်ပါတယ်။  
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။