မန္တလေးတိုင်း တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်ပြီး ငွေသိန်း ၉၆ သိန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Taung Tha People Defense Force က ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၂ ရက်က တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက် တောင်သာမြို့ မင်္ဂလာဦးရပ်ကွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေ အခိုင်အမာတည်ဆောက်ပြီး လမ်းသွားပြည်သူတွေကို ငွေ ကြေးတောင်းယူနှောင့်ယှက်နေတဲ့ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ စခန်းအား စွန့်ခွါထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီစခန်းအား တော်လှန်ရေးတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့ရာ ငွေကျပ် ၉၆ သိန်း၊ ပစ္စတို ၁ လက်၊ ကျည် ၁၅၀၈ တောင့်၊MA-1 ကျည်ဘောက် ၄ ခု၊ G-3 ကျည်ဘောက် ၂ ခုတို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး ဂိတ်တဲအား ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကူလာတဲ့ စစ်ကောင်စယာဉ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ယာဉ်ပေါ်ရှိ စစ်သားနဲ့ ရဲ ၂ ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထိုင်စခန်းစီးနင်းမှုအတွင်း စစ်ကောင်စီထောက်တိုင် ဝန်ထမ်းနဲ့ အပေါင်းအပါ ၁၁ ယောက်အား ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(တောင်သာပကဖ)၊ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ရင်းမူး ရဲဘော်ကီး ဦးဆောင်သော နေပြည်တော် PDF အမှတ်(၈၀၁) တောင်သာ စစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Taung Tha People Defense Force

0 Shares:
You May Also Like
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ နီးပါး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အမျာအပြားသေခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆောမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း ဆောမြို့မရဲစခန်းကနေ အင်အား ၅၄ ယောက်နဲ့ လောင်းရှည်မြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လောင်းရှည်တိုက်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် - ၃ တပ်ရင်းထံက သိရပါတယ်။