စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲဒဏ်ခံနိုင်တဲ့ ရှေ့တန်း၊ နောက်တန်း မြေပြင်မှာရှိတဲ့ ဆေးရုံဆေး ခန်းတွေကို မြေအောက်ဆေးရုံဆေးခန်းတွေ တည်ဆောက်ဖို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဟာ ဆရာဝန်၊ သူနာပြုတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ဖို့ ရည်ရွယ်လာတဲ့အတွက် အခုလို မြေအောက်ဆေးရုံဆေးခန်းတွေ တည်ဆောက်ဖို့ လိုလာတယ်လို့ ဆိုပါတယ်။

Safe Hospital, Safe Healthcare Fundraising Campaign အတွက် အမေရိကန်ဒေါ်လာ ၄ သိန်းရည်မှန်းထားပြီး ကမ်ပိန်းကာလကို မေလ ၂၄ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

OFP Fund Raiser တွေ၊ GoFundMe (Brighter Future Foundation နှင့် HDFM) နဲ့ Spring CrowdFund (SCF) တို့ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး နိုင်ငံအလိုက် လှူဒါန်းနိုင်တဲ့ Fund Raiser တွေ စာရင်းကို NUG ကျန်းမာရေးဝန်ကြီးဌာနက မကြာမီ ထုတ်ပြန်ပေးသွားမယ်လို့ ဒေါက်တာ ဇော်ဝေစိုးက ဆိုပါတယ်။

Video – Ministry of Health, National Unity Government of Myanmar

0 Shares:
You May Also Like
Read More

မုံရွာမှာ ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

ပြည်နယ်ပုံရိပ် ကျဆင်းစေတဲ့ KTV ဖွင့်တာ၊ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာတွေ မလုပ်ကြဖို့ ရှေ့တန်းရောက် KNDF ရဲဘော်တွေ တောင်းဆို (ရုပ်/သံ)

ပြည်နယ်ပုံရိပ်ကို ကျဆင်းစေတဲ့ KTV ဖွင့်တာ၊  မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာ တွေ မပြုလုပ်ကြဖို့ ရှေ့တန်းရောက် KNDF B-06 ရဲဘော်တွေက အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်ထဲ စစ်ကောင်စီသင်္ဘော ၁ စီး နစ်မြုပ်၊ ၃ စီး မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၅စီးပါ စစ်ကောင်စီသင်္ဘော ၁၄ စီးအုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘော ၁ စီး နစ်မြုပ်ပြီး စစ်သင်္ဘော ၁ စီးနဲ့ အခြားတွန်းသင်္ဘော ၂ စီး မီးလောင်ပျက်စီးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးထပ်မံကြဲချမှု အရပ်သားအများအပြား ထိခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို ယနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ရဲ့ လေကြောင်းကနေ ခရိုင်ရုံးနဲ့ ညစျေးတန်းကို ဗုံးထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားထိခိုက်မှုရှိတယ်လို့ သိရပါတယ်။