ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) အနေနဲ့ တပ်ဖွဲ့ကနေ ပထမဆုံး ကျဆုံးခဲ့ရတဲ့ ရဲဘော်ကိုဖိုးပြည့် ကျဆုံးခြင်း‌ ၄ နှစ်ပြည့်အဖြစ် ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေ ဦးညွှတ်အလေးပြုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခမ်းအနားကို ရဲဘော်ကိုဖိုးပြည့်ရဲ့အထိမ်းအမှတ်အုတ်ဂူမှာပဲ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့(YRF) က ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေဟာ ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။

အဖိနှိပ်ခံပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တည်ပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲကာ အသက်ပေးဆပ်တိုက်ပွဲဝင်ခဲ့သူ ရဲဘော်ကိုဖိုးပြည့်အတွက် ဝမ်းနည်းကြေကွဲရင်း ဂုဏ်ယူဝမ်းမြောက်ရသလို စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲနေကြောင်း ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

သီပေါတွင် စစ်‌ကောင်စီတပ်မှ တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချ၊ ပြည်သူ့ဆေးရုံအပါ အဆောက်အဦးအချို့ ထိခိုက်ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ သရက်​ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၂ က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အင်္ဂလန်နိုင်ငံမှာ ဆွစ်ဇလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနများ ကြီးမှူးကျင်းပသည့် “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံကို NUG ဝန်ကြီးတက်ရောက်

အင်္ဂလန်နိုင်ငံမှာ ဆွစ်ဇလန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ကြီးမှူးကျင်းပတဲ့ “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုမှာ YPDF ပူးပေါင်းဆောင်ရွက်မည်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ye People Defense Force - YPDF) နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ဟာ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။