ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရံပုံငွေဂီတဖျော်ဖြေပွဲကို တိုကျိုမြို့ရှိ Indoor Arena Main Hall မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ ပရိသတ် ထောင်နဲ့ချီ အားပေးခဲ့ပြီး လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုတော်ဖြူဖြူကျော်သိန်းကလည်း “ဒီနေ့သေမယ်ဆိုရင်တောင် သေပျော်ပါပြီ ဆာကူရာမြေ” လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ လူမှုကွန်ရက်မှာ မျှဝေဖော်ပြထားပါတယ်။

(ဓာတ်ပုံ Phyu Phyu Kyaw Thien’s Facebook)

0 Shares:
You May Also Like
Read More

တောင်ကုတ်မှာ တာဝန်ကျတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီးနဲ့ တပ်သား လက်နက်ခဲယမ်းတွေယူပြီး PDF ဆီ ထွက်ပြေးခိုလှုံံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီး၁ယောက်နဲ့ တပ်သားဖြစ်သူတို့ သရက်ခရိုင် အမှတ် ၄တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​
Read More

ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ယောက်ကို သတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရေစကြိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။ 
Read More

ထိုင်း-မြန်မာနယ်စပ်အနီး အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ တိုက်ပွဲဖြစ်ပွားနိုင်တဲ့အနေအထားအထိ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာနေ…

ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနားမှာ ထိုင်းစစ်တပ်နဲ့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အင်အားအကြီးမားဆုံးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ဟာ နယ်မြေပြဿနာကြောင့် နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ အတင်းမာဆုံးအခြေအနေရောက်ရှိလာနေတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ရာအိမ်မှူးထံမှ​ သိမ်းဆည်းရမိသည့် သန်းခေါင်စာရင်းကောက်ယူထားတဲ့အချက်အလက်များ (ဓာတ်ပုံ BTZM GBK PDF)
Read More

ဇီးကုန်းမှာ ရာအိမ်မှူးရှင်းခံရမှာစိုးလို့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်မှာ ရာအိမ်မှူးအိမ်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၂ ကြိမ်တိုင်တိုင် ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။