မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၅ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် တပ်စွဲထားတဲ့ အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀ မိနစ်ကြာဖြစ်ပွားခဲ့ပြီး ဧရာဒေါင်းမှ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူခရိုင်လှုပ်ရှားတပ် တပ်ဖွဲ့ ၅ (ဧရာဒေါင်း)၊ ပေါက် ပ.က.ဖ B.L.Y ပြောက်ကျားတပ်ဖွဲ့၊ King.fighter.(SGF)၊ ABSDF ကျောင်းသားတပ်မတော် အမှတ်(၃)စစ်ကြောင်းနဲ့ ပေါက် ပ.က.ဖ ဇုံ(၄) တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မေမေ့အတွက် အဝေးရောက် ခရစ္စမတ်ဆုတောင်း (ရုပ်/သံ)

''အခုချိန်မှာ မေမေ့ဆီ လာလည်လို့မရသလို မေမေ့ကို ဆက်သွယ်လို့ မရတာတွေက သားအတွက်တော့ နည်းနည်းခက်ခဲပါတယ်။ မေ့မေရဲ့ ခရစ်စမတ်အချိန်အခါလေးကလည်း တည်ငြိမ်အေးချမ်းမှုတွေနဲ့ ပြည့်နှက်နေမယ်လို့ သားမျှော်လင့်ပါတယ်''
Read More

ကမ္မမြို့ပေါ်ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်နက်တွင် ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရုရှား ရေငုပ်သင်္ဘောကို ရေအောက်အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထုတ်ပြန် (ရုပ်/သံ)

ပင်လယ်နက်ရှိ Novorossiysk ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ရုရှားရဲ့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရေငုပ်သင်္ဘော ၁ စီးကို ရေအောက်အသေခံဒရုန်း အသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

နွားထိုးကြီးလမ်းတွင် စစ်အုပ်စု စီးနင်းလာသည့် ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁ ဦး သေပြီး သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ဘက်နေ နွားထိုးကြီးလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ Double Cap ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ကရင်နီစစ်ဒေသ တပ်ရင်းအမှတ် ၁၁၀၅ ဘောလခဲ PDF ဖွဲ့စည်းထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား (ရုပ်/သံ)

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကရင်နီစစ်ဒေသ အမှတ် ၁၁၀၅ တပ်ရင်း ဘောလခဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဖွဲ့စည်းတည်‌ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။