မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ တယ်လို့ Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၄ ရက် မနက်ပိုင်းက ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေ နားနေတဲ့နေရာနဲ့ ဂျန်မာ စက်ထားရှိတဲ့ နေရာကို Fixed Wing Drone ၉ စီးနဲ့ အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပျူစခန်းရှိ ပျူစောထီး ၂ ယောက် သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) တပ်ခွဲ (၂) GZ-21၊ ယင်းမာပင် ခရိုင်တပ်ရင်း (၁၇) B-21 ကနီ PDF၊ NPDF ယင်းမာပင်၊ ငါန်းဇွန်တိုက်နယ် ၁ ပကဖ၊ Myaung Drone force M.D.F ကျားခင်စိန် တပ်ဖွဲ့၊ အားမာန်သစ် (ငါန်းဇွန်)၊ Revolutionary Air Force (Myaung)၊ 925 (ငါန်းဇွန်)နဲ့ ဧရာမမြွေပွေး (ငါန်းဇွန်) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာနှင့် ညောင်ဦးတွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးပြီး စစ်ကောင်စီဘက်မှ အများအပြား သေ၊ တော်လှန်ရေးရဲဘော် ၁၁ ဦး ကျဆုံးခဲ့ရကာ ၁ ဦး ပျောက်ဆုံးနေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်မှာ ရွာစဉ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၁၁ ယောက်ကျဆုံးခဲ့ရကာ ၁ ယောက် ပျောက်ဆုံးနေကြောင်း Popa Production & Guerilla Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ရဲ့ Sky Hunter ပရောဂျက်မှာ ပါဝင်ကူညီပေးဖို့ တောင်းဆို (ရုပ်/သံ)

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က  “လင်းယုန်အစာကောက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ ပရောဂျက်ကို စတင်လိုက်ပြီး ဒရုန်းစစ်ဆင်ရေးကို အရှိန်မြှင့်တင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပါပြီ။
Read More

ကရင်နီမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ‘စုပေါင်းကူညီထောက်ပို့ကျည်’ ကမ်ပိန်း (ရုပ်/သံ)

ကရင်နီဒေသအတွင်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ 'စုပေါင်းကူညီ ထောက်ပို့ကျည်' ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေ သခင်စိတ်မွေးကြဖို့ ဟောပြော (ရုပ်/သံ)

ရန်ကုန်မြို့စျေးတစ်ခုမှာ လူငယ်များသမဂ္ဂနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ စီစဉ်မှုနဲ့ ''သခင်စိတ်မွေးဖို့လိုပြီး''ခေါင်းစဉ်နဲ့ ဟောပြောမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေလာလေး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့မှု (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF က ထုတ်ပြန်လိုက်ပါတယ်။