စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ရာ ၆လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။

မေလ ၂၅ ရက် မနေ့က ည ၇ နာရီဝန်းကျင်အချိန်မှာ အဆိုပါ နမခ အတွင်းကို BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ No More Dictatorship (NMD) နဲ့ Shadow (Monywa) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နယ်မြေခံတပ်ဖွဲ့တွေဖြစ်တဲ့ Yan Gyi Aung အဖွဲ့၊ Budalin Mobile Team အဖွဲ့၊ နယ်မြေခံပကဖ၊ ရွှေတြိဂံ မဟာမိတ် တပ်ရင်း၊ Justice Brother Force အဖွဲ့တို့ကလည်း ဝိုင်းဝန်းကူညီပေးခဲ့တယ်လို့ သိရပါတယ်။

“ထိခိုက်မှုကတော့ရှိနိုင်ပါတယ်။ ရှော့တိုက်ဒုံးတွေက နမခ အတွင်းထဲကို ကျသွားလို့ပါ” လို့ BWM အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့က တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တွေကို အဓိက အမိန့်ပေးကွပ်ကဲနေတဲ့ စစ်ဌာနချုပ်ဖြစ်ပြီး အဲဒီဒေသတွေက တော်လှန်ရေး အင်အားစုတွေနဲ့ အညာဒေသပြည်သူတွေကို အဓိက ဒုက္ခပေးနေတဲ့ စက်တပ်လေထီးတွေကို အဓိက သိုလှောင်ထားရှိတဲ့ စစ်ကောင်စီဌာနချုပ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒ့ါအပြင် အိုးတိန်တွင်းရွာ ဗုံးကြဲမှုကိစ္စအပါအဝင် အညာဒေသကို လေကြောင်းတိုက်ခိုက်မှု၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်မှုတွေကို အဓိက ကြိုးကိုင် ခြယ်လှယ်ကွပ်ကဲနေတဲ့ စစ်ဌာနချုပ်တစ်ခုလည်း ဖြစ်တာကြောင့် BWM နဲ့ မဟာမိတ်အဖွဲ့တွေက BWM ရဲ့ Mission ၃၉ အဖြစ် ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေ ထိရောက်ပေါက်ကွဲမှုကြောင့် နမခ အတွင်းကနေ ချက်ချင်း တန်ပြန်ပစ်ခတ်မှုတွေ ရှိခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်မှုများနိုင်ကြောင်း ကနဦး စုံစမ်းသိရှိရပြီး ဆက်လက်သိရှိရတာတွေကိုလည်း အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။
Read More

ကျိုက်ထိုမှာ တော်လှန်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီထံက ကျည်ဆံဖာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရရှိ

တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှာ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းမှု လုပ်ဆောင်စဉ်အတွင်း စစ်ကောင်စီ ကပစ  ၂၀၂၄ ထုတ်ကျည်ဆံဖာတစ်ခုနဲ့ စစ်သုံးပစ္စည်းတချို့ တွေ့ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)က  အသိပေးထုတ်ပြန်ပါတယ်။
Read More

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စက်ရုံထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကော်သူးလေခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နှစ်ဝက်စာ စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေဟု ဆို

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
Read More

PLA တပ်ဖွဲ့ရဲ့ စစ်ရေးပြလေ့ကျင့်မှု (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ အ နောက်မြောက်စစ်ဒေသ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်း စစ်ရေးပြလေ့ကျင့်မှု နဲ့ ၃ မိုင် မနားတမ်း ချီတက်ခြင်း ကိုပြုလုပ်ခဲ့ကြောင်း PLA ကထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ က ရိက္ခာနဲ့ အသုံးအဆောင်တွေ ထောက်ပံ့ကူညီ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူတွေဆီကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် -၁၂၂၂ ၊ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက ဆန်၊ ဆီ၊ အဝတ်အထည်တွေနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေ သွားရောက် လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။