ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာက မင်္ဂလာပွဲကျင်းပတဲ့နေရာကို မေလ(၂၅)ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၁)စင်းနဲ့ ဗုံး(၂)လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၅) နှစ်အရွယ် ကလေး (၂) ယောက်နဲ့ သတို့သမီးအပါအဝင် (၈) ယောက် ပွဲချင်းပြီး သေဆုံးပြီး အသက်မပြည့်သေးတဲ့ ကလေး (၁၃) ယောက် အပါအဝင် ဒေသခံ (၄၁) ယောက် ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြင်ထန်ဒဏ်ရာရရှိသူတွေထဲက ၄ ယောက် ထပ်မံသေဆုံးခဲ့ပြီး စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်(၁၁)လုံး၊ ဈေးဆိုင်(၁)လုံး၊ တဲ(၁)လုံး၊ ဝက်တဲ(၁)လုံး၊ လယ်ထွန်စက်(၁)လုံး၊ အိမ်သာ (၂)လုံးနဲ့ စာသင်ကျောင်းခြံစည်းရိုး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ ယောက်ကို CDF -Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force - Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄၀ နီးပါး သေဆုံးခဲ့ရ

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း ၁၄ဝ နီးပါးသေဆုံးပြီး ရှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ Reliefweb  အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်ရှိ စစ်တပ်၏ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းရှင်းလင်း

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို  ၂ ရက်ဆက် စီးနင်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF ရဲဘော်များ လက်နက်နှင့်တကွ ပြန်လည်ရောက်ရှိလာပြီးနောက် KNU ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ပွဲတွင် ဗျူဟာမှူး စောဒါးကိုနှင့် တပ်ရင်းမှူး မင်းသားကြီးတို့ တက်ရောက်မိန့်ခွန်းပြောခဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းက KNLA ရဲဘော်တွေနဲ့ အချင်းများရာကနေ PDF ရဲဘော်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ညှိနှိုင်းအဆင်ပြေကာ ဖမ်းဆီးခံရသူတွေ ပြန်လည်ရောက်ရှိလာကြောင်း သိရသလို ကရင်နှစ်သစ်ကူးနေ့မှာလည်း NUG  လက်အောက်ခံ ဗျူဟာမှူးနဲ့ တပ်ရင်းမှူးတွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

NUG ရဲ့ စစ်ရေးဗျူဟာတွေကို အလေးထား လိုက်နာဖော်ဆောင်ဖို့ ယော PDF တပ်ဖွဲ့ဝင်တွေကို မှာကြား

အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။