မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး ပြန်လည် ဖွဲ့စည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။

MSFC အနေနဲ့ အခုလို NMSP-AD နဲ့ MLA တို့ ပူးပေါင်းစုဖွဲ့လိုက်တဲ့ ရာမညမွန်တပ်တော် (RMA) ဖွဲ့စည်းခြင်းဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ ယူဆကြောင်းလည်း ဆိုထားပါတယ်။

ဒါပေမယ့် မွန်တပ်တော်ဖွဲ့ရာမှာ MSFC အနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်နယ်အတွင်း အင်အားစုတွေ လိုလားတဲ့ ညီညွတ်ရေးကို အဓိကဦးစားပေးတဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုပုံစံ (Coming Together Model) ကသာ အသင့်တော်ဆုံးလို့ ယူဆကြောင်း၊ အခု မျက်မှောက်နိုင်ငံရေး စစ်ရေးအခင်းအကျင်းအရ နိုင်ငံရေးစစ်ရေး အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ (All inclusive) အရင်က ဖဆပလ၊ အာဖရိကန်အမျိုးသားကွန်ကရက် (ANC) ညွန့်ပေါင်း/တပ်ဦးစုဖွဲ့မှုပုံစံနဲ့သာ စုဖွဲ့သင့်တယ်လို့ MSFC က ပြောလာတာ ဖြစ်ပါတယ်။

“MSFC နဲ့ MSFC မှာ ပါဝင်တဲ့ အဖွဲ့တွေရဲ့ ရည်ရွယ်ချက်ကတော့ မွန်အမျိုးသား နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံ‌ရေး၊ စစ်ရေးအတွက် ပါတီတစ်ခုခုအောက်မှာ ပုံထားရင် နိုင်ငံရေး အပြောင်းအလဲကြောင့် တစ်ခုခုလွဲချော်သွားခဲ့ရင်… တစ်ခုခု အပြောင်းအလဲ ဖြစ်သွားခဲ့ရင် Check and balance လို့ခေါ်တဲ့ နိုင်ငံရေးထိန်းချုပ်မှုကို ဘယ်သူမှ မလုပ်ပေးနိုင်ပါဘူး။ ဆိုတော့ ပါတီတစ်ခုခုရဲ့ အောက်မှာ ပေါင်းစည်းခြင်းထက်ကို အားလုံးပါဝင်မှုပေါ့နော်… လူတန်းစားမရွေး၊ အဖွဲ့အစည်း၊ နိုင်ငံရေး၊ စစ်ရေး၊ ပါတီ အဲ့လို ပေါင်းစည်းတာက ပိုပြီးကောင်းမယ်လို့ ရည်ရွယ်ပါတယ်” လို့ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ တပ်မှူး/ MSFC ရဲ့ ကောင်စီဝင် ဒေါက်တာ သီရိမွန်ချမ်းက မောင်းကို ပြောပါတယ်။

MSFC ဟာ တစ်ခုတည်းသော မွန်တပ်တော် ဖြစ်ပေါ်ရေး အယူအဆကို လုံးဝလက်ခံထားပြီး ရာမညစစ်ကြောင်းနဲ့တကွ တစ်ခုတည်းသော တပ်တော် ဖြစ်လာဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းတွေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အကောင်အထည် ဖော်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်နယ်ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးအတွက် NMSP AD နဲ့ နိုင်ငံရေးဆွေးနွေးမှုမှာ အတူတကွ ပူးပေါင်းခြင်းထက် NMSP (AD) တစ်ဖွဲ့ တည်းအောက်ကို သွားရောက်ပူးပေါင်းခြင်း (Coming Under Model) ကိစ္စကိုသာ တင်ပြခဲ့ပြီး နိုင်ငံရေးအရ MSFC ဟာ တပ်ပေါင်းစုပုံစံ ပြည်နယ်ယူနစ်ပုံစံ ဖြစ်နေတာကြောင့် ပူးပေါင်းဖို့ မအောင်မြင်ခဲ့ကြောင်း၊ ညွန့်ပေါင်းစုဖွဲ့မှု သဘောထားကို အခြေခံထားတဲ့ အကြံပြုစာ တစ်စောင်ကို MSFC က မွန်ပြည်သစ်ပါတီ-AD နဲ့ MLA ကို ပေးပို့ခဲ့ပေမယ့် MLA ကသာ အကြောင်းပြန်ခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ညွန့်ပေါင်းအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကလည်း တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေ လိုပေါ့နော် ဥပမာ IEC လိုပေါ့နော်၊ ရှိနှင့်ပြီးသား KNPP ပါတီအောက်ကို နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေ အားလုံး ဝင်ရောက် သွားကြတာမဟုတ်ဘူး။ KNPP ကပူးပေါင်းပြီးတော့ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုကို IEC အနေနဲ့ ညွန့်ပေါင်း ပုံစံဖွဲ့စည်းခဲ့တာပါ” လို့ ဒေါက်တာ သီရိမွန်ချမ်းက ရှင်းပြပါတယ်။

ဒါပေမယ့် စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် မှန်သမျှကို တိုက်ဖျက်သွားရန်၊ ဖက်ဒရယ်ပြည်ထောင်စုအတွင်း မွန်ပြည်ပေါ်ပေါက်ရေး ဆောင်ရွက်သွားရန် စတဲ့ MSFC ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက NMSP AD ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ များစွာတူညီနေတာကြောင့် ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို နည်းလမ်းတွေ ရှာဖွေသွားမှာဖြစ်ပြီး MSFC လက်အောက်က တပ်တွေနဲ့ မဟာမိတ်တပ်တွေကလည်း ရာမညတပ်တော်နဲ့အတူ လက်ရှိ စစ်အာဏာရှင် စနစ်ကို တိုက်ခိုက်ရာမှာ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းကို အသိပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ဟာ ၂ဖွဲ့ ပူးပေါင်းပြီး နိုင်ငံရေးဦးဆောင်မှုကို (NMSP-AD)၊ စစ်ရေးဦးဆောင်မှုကို ရာမညမွန်တပ်တော် (RMA) ဆိုပြီး ဖွဲ့စည်းခဲ့ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။