မြန်မာနိုင်ငံမှာ မတည်မငြိမ်ဆက်ဖြစ်နေမယ်ဆိုရင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ထိုင်းအရာရှိတစ်ယောက်က ပြောဆိုကြောင်း Free Malaysia Today သတင်းက မေလ ၂၆ ရက်မှာ ပြောပါတယ်။ 

ကွာလာလမ်ပူမှာ ကျင်းပတဲ့ (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေရဲ့ Sidelines မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ် Dusit Manapan က အခုလိုပြောဆိုခဲ့တာပါ။ 

နိုင်ငံတကာက လိမ်လည်ဂိုဏ်းတွေအပေါ်မှာ အတော်လေး အာရုံစိုက်နေပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လက်နက်ကုန်သွယ်မှုတို့လို ရာဇဝတ်မှု တိုးလာနိုင်တဲ့အန္တရာယ်ကိုလည်း ဖြစ်လာစေနိုင်တယ်လို့ သူက ဆိုပါတယ်။ 

မြန်မာနယ်စပ်တလျှောက်က ရာဇ၀တ်မှုတွေဟာ နယ်စပ်တလျှောက် တရားဥပဒေစိုးမိုးရေးအတွက် အစိုးရ (ရဲ့လုပ်နိုင်စွမ်း) က အကန့်အသတ်ဖြစ်နေတာကြောင့် ဖြစ်တယ်လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Dusit Manapan

“အရင်းအမြစ်တွေ၊ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်တွေ မပေးခြင်းအားဖြင့် ဒီရာဇ၀တ်မှုလုပ်ငန်းတွေကို ရပ်တန့်အောင် ကျနော်တို့ ကြိုးစားထားပါတယ်” “ဒါပေမယ့် ကျနော်တို့ရဲ့ အစီအမံတွေ၊ ပြင်းထန်တဲ့အစီအမံတွေက တစိတ်တပိုင်းပဲ အောင်မြင်ပါတယ်။ အဆုံးမှာတော့ သူတို့တွေအနေနဲ့ ဆုံးရှုံးသွားတဲ့အရာတွေကို တခြားအရင်းအမြစ်တွေကနေ အစားထိုးဖို့ နည်းလမ်းရှာတွေ့တာပါပဲ” လို့ သူကဆိုပါတယ်။ 

ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ နိုင်ငံရဲ့နေရာအတော်များများ အထူးသဖြင့် နယ်စပ်ဒေသတွေဟာ ကျားဖြန့်လုပ်ငန်းတွေ၊ မူးယစ်ဆေးလမ်းကြောင်းတွေနဲ့ လက်နက်မှောင်ခိုကွန်ရက်တွေအတွက် အဟန့်အတားမရှိတဲ့ ဥပဒေမဲ့နယ်မြေတွေ ဖြစ်လာတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။ 

စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ ဝင်ငွေတွေ အမြောက်အမြား ရရှိနေတာကြောင့် ငွေလိမ်လုပ်ငန်းတွေရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းဖို့က အရေးကြီးတယ်လို့ Dusit က ပြောပါတယ်။ 

“ဒီလိုမှမဟုတ်ရင် ကျနော်တို့မှာ ဒီလိုပြဿနာမျိုး ဆက်ရှိနေမှာပါပဲ။ အွန်လိုင်း လိမ်လည်မှုတွေ ပြီးတဲ့အခါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ကြုံရလိမ့်မယ်။ လက်နက်ရောင်းဝယ်မှုတွေ ရှိမယ်” လို့ သူကဆိုပါတယ်။ 

ကုလသမဂ္ဂရဲ့အဆိုအရ အရှေ့နဲ့ အရှေ့အာရှအတွင်းက ဆိုက်ဘာလိမ်လည်မှုတွေအတွင်း အမေရိကန် ဒေါ်လာ ၃၇ ဘီလီယံအထိ ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ 

တနင်္လာနေ့က ပြုလုပ်တဲ့ (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အွန်လိုင်းလိမ်လည်မှုတွေလို နိုင်ငံဖြတ်ကျော်မှုခင်းတွေကို အမြင့်ဆုံးအဆင့်မှာ ကိုင်တွယ်‌ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

မူရင်းသတင်း – Prolonged Myanmar crisis spurs drugs, weapons trade, warns Thai official

0 Shares:
You May Also Like
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

လူကုန်ကူးမှုများကြောင့် နာမည်ပျက် ဖိအားများနေချိန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးခေါင်းစဉ်နှင့် BGF/ DKBA၊ တရုတ်လုပ်ငန်းရှင်တို့ အစည်းအဝေးထိုင်

BGF နဲ့ DKBA တပ်ခေါင်းဆောင်တွေနဲ့ မြဝတီ (ရွှေကုက္ကိုလ်) မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ စောချစ်သူရဲ့ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။