မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။

မေလ (၂၅)ရက် မနေ့က မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ရေစကြိုတပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့က ဗုံးသီး (၉)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁) ယောက် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တက္ကစီမောင်းသူလည်းဖြစ် Food Vlogger လည်းဖြစ်တဲ့ ကျော်ဝဏ္ဏ အသတ်ခံရ

အစားအသောက်နဲ့ ပတ်သက်တဲ့ Vlog တွေ ရိုက်ကူးသလို တက္ကစီမောင်းတဲ့အလုပ်လည်း လုပ်ကိုင်တဲ့ ကျော်ဝဏ္ဏဟာ ကားဆွဲရင်း အသတ်ခံခဲ့ရကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ (၁) နှင့် ခရမ်း PDF မှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) နဲ့ PDF-Khayan က နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူခဲ့သူတွေနဲ့ တပ်ဖွဲ့မှာ ကျဆုံးခဲ့သူတွေအတွက် ရည်စူးပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းကပ်လှူကာ ကုသိုလ်ပြုအမျှဝေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

လက်ပန်လှလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ အားလုံး အရေးယူနိုင်အောင် လုပ်ဆောင်မည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

စစ်ရေးပြမယ့် စစ်သားတွေ ရန်ဖြစ်လို့ အကြမ်းဖက် နှိမ်နင်းရေးတပ်ခေါ်ပြီး ကျင်စက်တွေပါ သုံးခဲ့ရ၊ ရန်ပွဲကြောင့် ၁၈ ယောက်ခန့် ဒဏ်ရာရတဲ့အထဲ ၃ ယောက် အသက်အန္တရာယ်စိုးရိမ်ရ 

နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီအခေါ် (တပ်မတော်နေ့) စစ်ရေးပြဖို့ စုဝေးရောက်ရှိနေတဲ့ စစ်သားတွေ အရက်မူးစကားများ ရန်ဖြစ်ကြရာကနေ စစ်သား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။