ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားဒေသ(အထူးဒေသ ၄) အတွင်း အခြား လက်နက်ကိုင်နဲ့ နိုင်ငံရေးအဖွဲ့တွေကို လက်ခံထားတာမရှိဘူးလို့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ရဲ့ ဒုဥက္ကဋ္ဌ ဦးစန်ပေ့က အကြမ်းဖက်မင်းအောင်လှိုင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ တြိဂံတိုင်းစစ်ဌာနချုပ်မှာ အကြမ်းဖက်မင်းအောင်လှိုင်ကို ဦးစန်ပေ့ ဦးဆောင်တဲ့ NDAA ကိုယ်စားလှယ်အဖွဲ့က မေလ ၂၅ ရက်က တွေ့ဆုံချိန်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့က ဒေသအတွင်း အခြား လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေလက်ခံထားခြင်းမရှိသလို NDAA အနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတော် တည်ငြိမ်ရေး၊ အေးချမ်းရေး လုပ်ငန်းရပ်တွေအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင် တြိဂံတိုင်းစစ်ဌာနတိုင်းမှူးဘဝမှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ NDAA အနေနဲ့ နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့တဲ့အတိုင်း နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့တာဝန်အရေး ၃ ပါးကို အဓိကထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုင်းလားဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာလည်း စစ်ကောင်စီအနေနဲ့ ကူညီပေးစေချင်တယ်လို့ ဦးစန်ပေ့က ပြောကြားခဲ့ရာ အကြမ်းဖက်စစ်ခေါင်းဆောင်က တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့ နိုင်ငံ့အကျိုးဖော်ဆောင်ဖို့နဲ့ မိုင်းလားဒေသအတွက် လိုအပ်တာတွေ ပံ့ပိုးပေးသွားမယ်လို့ ပြန်လည် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ဟာ ၁၉၈၉ ခုနှစ်၊ ဧပြီလက ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ပြီးနောက် စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာ စစ်အစိုးရက ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားဒေသကို အထူးဒေသ ၄ အဖြစ် သတ်မှတ်ပြီး အုပ်ချုပ်စေခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ညအချိန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ ရွာပြင် ထွက်အိပ်နေရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှု​ကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုသင်္ဘောတွေကို စောင့်ကြိုတိုက်ခိုက်ရာ သင်္ဘော ၂ စီး ထိခိုက်ပျက်စီးသွားတယ်လို့ Monywa inventor အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

အောင်သပြေရဲဝန်းထဲကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။