မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေပြီး လက်နက် ၁၈ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၅ ရက်မှစတင်ပြီး နွားထိုးကြီးမြို့နယ် ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စခန်းမကျစေရေး လေကြောင်းပစ်ကူ အများအပြား အသုံးပြုခုခံခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ ရဲစခန်းမျက်နှာစာအတွင်းပိုင်းထိ ထိုးဖောက်နေရာယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၉ ရက်မှာ နွားထိုးကြီးမြို့နယ် ဇည်ကျေးရွာအနီးသို့ ရောက်ရှိလာတဲ့ တပ်မ ၈၈ လက်အောက်ခံတပ်ဖြစ်တဲ့ ခလရ ၈၃၊ ခမရ ၁၀ တို့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အထိနာကာ လေကြောင်းပစ်ကူအများအပြား အသုံးပြုခုခံခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၁၅ ရက်ကနေ မေလ ၁၉ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၄၀ နဲ့အထက် သေပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

နယ်မြေရှင်းလင်းရေးအတွင်း စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်း၊ လက်နက် ၁၈ လက်၊ ကျည်မျိုးစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ တံတားဦး (ပကဖ) ၊ စဉ့်ကိုင်(ပကဖ) ၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့နဲ့ SintKaing Revolution Force (SRF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၅ ရက်တာ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၅၀ နဲ့အထက် ပြုလုပ်ခဲ့တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team ထုတ်ပြန်ပြသ (ရုပ်/သံ)

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်သားများ ထမင်းမစားရဘဲ တိုက်ပွဲဝင်နေရကြောင်း ဖမ်းဆီးခံ စစ်သုံ့ပန်းပြောကြား (ရုပ်/သံ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားလျက်ရှိတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ပြောကြားခဲ့ပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေတပ်စခန်းကို ဧပြီ ၃၀ ရက် ညပိုင်းကမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

ဆားတောင်က စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒရုန်းမစ်ရှင်ပြုလုပ်ကာ တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိမှု မှတ်တမ်း (ရုပ်/သံ)

ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများပါ ရရှိခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းကို စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။