စစ်ကောင်စီတပ် တပ်စွဲထားရာ လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီမနက် နံနက် ၁ဝနာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနချေမှုန်းရေးတပ်ခွဲ(၇)၊ Launglone Peninsula Force-LPF ကဒီကနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်  ၂ဦး သေ၊ ၄ ဦးဒဏ်ရာရရှိသွားပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ယင်းတိုက်ခိုက်မှုကို ဒေါနတပ်ခွဲ(၇) LPFတပ်ဖွဲ့နဲ့အတူ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ထားဝယ်ခရိုင်တပ်ပေါင်းစု နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံကြယ်အဖွဲ့နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်းတော်ရွာအနီး လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတို့  ဇန်နဝါရီ ၁၁ ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 
Read More

ကျည်ဆန်လိုအပ်ချက်နှင့် တိုက်ပွဲဝင်နေကြသည့် ရဲဘော်များရဲ့ ရုပ်သံဖိုင် YARMA BRIGADE ထုတ်ပြန် (ရုပ်/သံ)

ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်းနယ်မြေနဲ့ ဖာပွန်စစ်ဆင်ရေးနယ်မြေတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တောင်ပိုင်းတိုင်း၊ ဗျူဟာ(၂၇)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တပ်မဟာ-၁၊ တပ်ရင်း(၇၈၀၅)၊ တပ်ခွဲ-၅ (YARMA BRIGADE) မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ကျည်ဆန်လိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။
Read More

အောင်လံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း အတုအယောင် ရွေးကောက်ပွဲ လုပ်နေချိန် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမျိုးသားညီညွတ်‌ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား (ရုပ်/သံ)

“ငါတို့အနာဂတ် ငါတို့ပြန်ပေးဆိုပြီး စခဲ့ကြတဲ့ တိုက်ပွဲခေါ်သံအတိုင်း မိမိတို့ အနာဂတ်တင်မကဘူး တိုင်းရင်းသားပြည်သူအားလုံးရဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြည့်ဝတဲ့ နိုင်ငံအနာဂတ်အတွက် စွန့်လွှတ်တော်လှန်ကြမှုကလည်း အင်မတန်မှ အားအင်ကြီးမားပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတော်သစ်မှာ ကျနော်တို့ ပြန်ဆုံကြပါမယ်”
Read More

တောင်သာတွင် သူကြီးအိမ်ရှေ့ တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သားကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့အတွင်း ညအချိန် အကြမ်းဖက်စစ်တပ် ကြဲချခဲ့သည့် ဗုံးပေါက်ကွဲမှုပြင်းအား (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။