ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်အတွင်း မေလ (၂၁) ရက်က သံဆိပ်စခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ထင်ကျော်ရော်ဘာခြံ နတ်စင်တံတားမှာ ခရီးသွားလာ နေတဲ့ ပြည်သူတွေကို K3သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဝိုင်ကျွန်း ကျေးရွာက (၅၄) နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ တပင်ချောင်းကျေးရွာမှ (၆၂) နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး တပင်ချောင်း ကျေးရွာက (၂၁) နှစ်အရွယ်  အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်၊ မတောကုန်း ကျေးရွာကိုလည်း မေလ (၂၃) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခမရ-၃၀၇ တပ်စခန်းက ဟောင်ဝစ်ဇာလက်နက်ကြီး ၁၅၅မမ (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မတောကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်ပိုင်ရှင် (၄၃) နှစ်အရွယ် အမျိုးသမီးနဲ့ စစ်ဘေးရှောင်လာတဲ့ (၇၅) နှစ်အရွယ် အမျိုးသမီး ထိမှန်သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့၊ အသက် ၇၀ ကျော် အဘွားအိုကို အဓမ္မ ပြုကျင့်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်မှာ စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၂၄ ရက်မှာ လောင်းလုံးမြို့ပေါ် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးတွင် စစ်ကောင်စီတပ်များ တစ်ရက်အတွင်း ၃ ကြိမ်ဆက် တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာစစ်ကောင်စီတပ်တွေကို တစ်နေ့တည်း မိုင်းခွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝါရင့်နိုင်ငံရေးသမား၊ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်း ​ဒေါက်တာ​နေဝင်း ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သလို ဝါရင့်နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေကတစ်ဆင့် သိရပါတယ်။
Read More

အင်းစိန်ထောင်တွင် အဆောင်မှူး၂ ဦးက အကျဥ်းသားများကို ငွေညှစ် ရိုက်နှက်ပြီး နိုင်ကျဥ်းများကို ပိုမိုဖိနှိပ်လာ

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ အဆောင်မှူးဆိုသူတွေက အကျဥ်းသားတွေအပေါ် ဖိနှိပ်ငွေညှစ်နေကြပြီး ကိုယ်ထိလက် ရောက်ကျူးလွန်တဲ့အထိ ပြုလုပ်နေ ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ ပေါ်တာဆွဲထားသူများကို မကွေး-ရေနံချောင်း-နတ်မောက် ပြေးဆွဲသည့် ယာဉ်လိုင်းတချို့ စိတ်လိုလက်ရ လိုက်ပါပို့ဆောင်ပေးနေ

မကွေးတိုင်း၊ မကွေး - ရေနံချောင်း- နတ်မောက် လမ်းပိုင်းမှာ စစ်ကောင်စီက ခရီးသွားကားတွေကိုအသုံးပြုပြီး  လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်နေမှုမှာ စိတ်လိုလက်ရ ကူညီပို့ဆောင်ပေးနေတဲ့ ယာဥ်လိုင်းတွေရှိကြောင်း TAMAR MYAY Special Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။