အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။

ဦးဘိုဘိုငယ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်အဖြစ် ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် ခိုင်မာစွာဆက်လက်တိုက်ပွဲဝင်နေမှုကြောင့် အခုလို ဆုပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဦးဘိုဘိုငယ်ဟာ Bard ကောလိပ်ကနေ BA ဘွဲ့၊ ဂျွန်ဟော့ကင်းတက္ကသိုလ်က စီးပွားရေးဆိုင်ရာမဟာဘွဲ့နဲ့ ဗြိတိန်နိုင်ငံကနေ စီးပွားရေးဆိုင်ရာပါရဂူဘွဲ့ရရှိထားသူဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အရဲရင့်ဆုံးနဲ့ အကြီးကျယ်ဆုံး စီးပွားရေး ပြုပြင်ပြောင်းလဲရေးသမား ဒေါက်တာဘိုဘိုငယ်ကို Laszo Z. Bito Award for Humanitarian Service ဆုတံဆိပ် ချီးမြှင့်လိုက်ပါပြီ။ ကျနော် တွေ့ဖူးသမျှတွေထဲမှာ သူဟာ အကြီးမြတ်ဆုံးလူသားတစ်ယောက်ဖြစ်ပြီး၊ သူ့ရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ သတ္တိကြောင့်ပဲ သူဟာ မြန်မာနိုင်ငံရဲ့ထောင်ထဲမှာ ဒုက္ခဆင်းရဲကို ကြံ့ကြံခိုင်ရင်ဆိုင်နေသူလည်း ဖြစ်ပါတယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး မစ္စတာ ရှောင်တာနယ်က ပြောပါတယ်။

၈၈ အရေးတော်ပုံမှာလည်း ပါဝင်လှုပ်ရှားခဲ့တဲ့ ဦးဘိုဘိုငယ်ဟာ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ထောင်မှလွတ်ပြီးနောက်ပိုင်း ပြည်ပကို ထွက်ခွာကာ အလုပ်လုပ်ရင်း တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ မဖြစ်ခင်က NLD ပါတီရဲ့ စီးပွားရေးကော်မတီမှာ ဘဏ်ပညာရှင်အနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ ဦးဘိုဘိုငယ်ကို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် တရုတ်က ပြန်ရောက်ပြီး ရက်ပိုင်းအတွင်း နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင် ပကဖ အခြေခံ စစ်သင်တန်းဆင်းပွဲ

မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၁ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်း စစ်အုပ်စု ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သားနှင့် ပျူ ၅ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဂိတ်နဲ့ စစ်သားတွေရေချိုးတဲ့ ကန်ကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက် ​သေဆုံးခဲ့တယ်လို့ Peacock Drone Team -Myaung တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးတိုင်းအတွင်း ခရိုင် ၃ ခုမှာ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ တောင်ငူ၊ ပြည် နဲ့ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုတွေ ဆက်တိုက်ဆိုသလို ရှိလာနေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားသော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အရေးပေါ်တုံ့ပြန်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။