စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။

မေလ ၂၃ရက် ညပိုင်းကဖြစ်ပွားခဲ့တဲ့ အဲ့ဒီဖြစ်စဥ်ဟာ ဝက်လက်နယ်၊ ရွာသာကြီးတိုက်နယ်၊ ရွှေဂျိုးဖြူရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးပတ်ဝန်းကျင်ကနေ သေနတ်သံတွေ ကြားခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်လုပ်ကြံခံရသူတွေဟာ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံးအဖွဲ့မှူး ဦးမျိုးအောင်ကိုနဲ့ ညီမတော်စပ်သူတို့ဖြစ်ပြီး စစ်အုပ်စုက လုပ်ကြံသတ်ဖြတ်သွားတာလို့လည်း ဆိုကြပါတယ်။

ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူကတော့ ပအဖရုံးအဖွဲ့မှူးကို စစ်အုပ်စုသတ်ဖြတ်တယ်ဆိုတာ ရာနှုန်းပြည့် မမှန်နိုင်ဘူးလို့ ပြောပါတယ်။

“၂၃ရက်နေ့ ည ၁၂နာရီလောက်မှာ သေနတ်သံတွေကြားတယ်လို့ အနီးနား ဒေသခံတွေ ပြောတယ်။ ရွာသာကြီးကျေးရွာမှာ ထိုင်တဲ့ စကစက လာသတ်တယ်ဆိုရင်လည်း စစ်တပ်လော်ဘီချန်နယ်တွေမှာ တက်လာပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် လုပ်ကြံခံရတာပါ။ နောက်ပြီး အခြားသတင်းတွေမှာ ဖော်ပြနေသလို အမျိုးသမီးက ပအဖရုံးအဖွဲ့မှူးနဲ့ ညီမဝမ်းကွဲဆက်ဆံရေးမဟုတ်ပါဘူး” လို့ ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေထဲက လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ၄ကြိမ်အထိရှိပြီဖြစ်ပြီး ​ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်​ချက်တွေကြောင့် ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ လက်အောက်ကနေ အမာခံသတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်နေ

စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်ဖို့ ခက်ခဲနေသူတွေကိုလည်း PreCDM (ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်သလို အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများလည်း ပြုလုပ်ပေးနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို အကြမ်းဖက် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်အဖွဲ့အမည်ခံပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ခြိမ်းခြောက်ငွေတောင်းသူ နှစ်ယောက်ကို ဖမ်းမိတယ်လို့ အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန်

အကြမ်းဖက်အဖွဲ့အစည်းဆိုပြီးအမည်ခံကာစီးပွားရေးလုပ်ငန်းရှင်တွေဆီကခြိမ်းခြောက်ငွေတောင်းသူနှစ်ယောက်ဖမ်းဆီးရမိထားတယ်လို့အကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ယောက် သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းမော်ကွန်း ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။
Read More

ကျိုက်ဒုံမြို့ မီးသတ်ရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံး

ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။