ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်အတွင်း မေလ (၂၁) ရက်က သံဆိပ်စခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ထင်ကျော်ရော်ဘာခြံ နတ်စင်တံတားမှာ ခရီးသွားလာ နေတဲ့ ပြည်သူတွေကို K3သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဝိုင်ကျွန်း ကျေးရွာက (၅၄) နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ တပင်ချောင်းကျေးရွာမှ (၆၂) နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး တပင်ချောင်း ကျေးရွာက (၂၁) နှစ်အရွယ်  အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်၊ မတောကုန်း ကျေးရွာကိုလည်း မေလ (၂၃) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခမရ-၃၀၇ တပ်စခန်းက ဟောင်ဝစ်ဇာလက်နက်ကြီး ၁၅၅မမ (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မတောကုန်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး နေအိမ်ပိုင်ရှင် (၄၃) နှစ်အရွယ် အမျိုးသမီးနဲ့ စစ်ဘေးရှောင်လာတဲ့ (၇၅) နှစ်အရွယ် အမျိုးသမီး ထိမှန်သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ချောင်းဦးနှင့် မုံရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးများ ပစ်ခတ်မှု ၃ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution News က သတင်းဖော်ပြထားပါတယ်။
Read More

ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုနဲ့ ပြင်ဦးလွင်အစပ်မှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေ ဒုတိယအကြိမ်ပြောင်းရွှေ့နေကြ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဂန့်ဂေါရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြ​စ်ပွားနေချိန် ဘယ်လောက်မှမဝေးတော့တဲ့ ပြင်ဦးလွင်မြို့နယ်မှာ စစ်တပ်အသိုင်းဝိုင်းမိသားစုဝင်တွေ ပြောင်းရွှေ့နေကြသလို စစ်ကောင်စီကလည်း ခုခံစစ်အတွက် အထူးသတိပြုနေကြတယ်လို့ သိရပါတယ်။
Read More

အောင်လံနှင့် ဆင်ပေါင်ဝဲတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ စစ်ရေးတင်းမာနေ၊ စစ်အုပ်စုဘက်မှ အယောက် ၇၀ ဝန်းကျင် ထိခိုက် သေဆုံးထား

မကွေးတိုင်း၊ အောင်လံခရိုင်အတွင်းက အောင်လံနဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကော်မရှင်ဘက်က အယောက် ၇၀ နီးပါး ထိခိုက်သေဆုံးထားကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်နယ် ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ကြေညာ

မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။