ကျိုင်းတုံမြို့မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယားက သူတို့ ကိုးကွယ်တဲ့ ၀စီပိတ်ဘုန်းကြီးရဲ့ လောကသရဖူစေတီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာနဲ့ ဝါဒဖြန့်လော်ဘီတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။

ကျိုင်းတုံကို ရောက်ရှိခဲ့တဲ့ မင်းအောင်လှိုင်တို့လင်မယားက ၀စီပိတ်ဘုန်းကြီးရဲ့ ခေါ်ယူမှုကြောင့် ဘုန်းကြီးကို အဓိက သွားရောက် တွေ့ဆုံတာဖြစ်ပြီး ၀စီပိတ်ဘုန်းကြီး ဦးဆောင် တည်ဆောက်နေတဲ့ ပန်းကွဲဗုဒ္ဓဥယျာဉ်တော်အတွင်း လောကသရဖူစေတီ ဘုရားဌာပနာ ယတြာချေရာမှာ အကြမ်းဖက်မင်းအောင်လှိုင်က အစီအရင် အင်းပြား မြှုပ်နှံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၀စီပိတ်ဘုန်းကြီးနဲ့ အကြမ်းဖက် မင်းအောင်လှိုင်တို့ ပူးပေါင်းတည်ဆောက်နေတဲ့ ဗုဒ္ဓဥယျာဉ်တော်မှာ ၀စီပိတ်ဘုန်းကြီးက မြေနေရာ ရွေးချယ်ကာ အစီအရင်တွေနဲ့ တည်ဆောက်ခိုင်းခဲ့တဲ့ သီလဓမ္မဆေးရုံကိုလည်း မနေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်ဘ၀ကတည်းက ကိုးကွယ်ခဲ့ပြီး ၀စီပိတ်ဘုန်းကြီးလို့ လူသိများတဲ့ ကျိုင်းတုံမြို့ရှိ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒဟာ မင်းအောင်လှိုင်အတွက် ယတြာတွေ အမြဲချေပေးခဲ့တဲ့ ဘုန်းကြီးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်က စစ်အာဏာမသိမ်းခင်မှာလည်း အကြမ်းဖက်မင်းအောင်လှိုင်နဲ့ ကြူကြူလှက အင်း၊ အိုင်၊ ယတြာကိစ္စရပ်တွေ ပြုလုပ်ပေးရာမှာ နာမည်ကျော်တဲ့ ၀စီပိတ်ဘုန်းကြီးဆီကို သွားရောက်ပြီး အာဏာသိမ်းဖို့ တိုင်ပင် ယတြာစီစဉ်ခိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓားနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းဝီးမြို့မှာ ဒေသခံ အမျိုးသားတစ်ယောက်က မြေမြှုပ်မိုင်းတစ်လုံးကို ဓားနဲ့​ခုတ်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်တွေ တိုက်ပွဲမှ ဆုတ်ခွာနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုများရှိဟု ဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာနဲ့ မအူကွင်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုတွေ ရှိတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့

ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

တောင်ငူမြို့နယ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်မှု အထိအခိုက်များနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်တွင် ကပစ ၂၄ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ နေ့စဥ်ရက်ဆက်ဖြစ်ပွားနေ၊ စစ်အုပ်စုအထိနာကာ လေကြောင်းဆက်တိုက်သုံးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အများအပြား ထိခိုက်သေဆုံးမှုတွေရှိနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။