ရန်ကုန်အဝင်လမ်းဖြစ်တဲ့ ပဲခူးရိုးမထဲမှာ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃) (တပ်ခွဲ(၂)စခန်းမှာ ပြည်သူ့ကာကွယ်ရေးအလံတော်လွှင့်တင်ခြင်းအခမ်း အနားကို မေလ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-၃ မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ တပ်ခွဲ (၂) တပ်ခွဲမှူး ရဲဘော်ငှက်ကြီးနဲ့ ဒုတပ်ခွဲမှူး ရဲဘော် ဝတုတ်တို့မှ ရှေ့ဆက်ရ မယ့် လုပ်ငန်းစဉ်များနဲ့ ရဲဘော်တွေကို အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အထက်ခပေါင်းဆည်ရေလွှဲတမံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စီးနင်းတိုက်ခိုက်မှု တပ်သား ၃ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရ သေနတ် ၄ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အထက်ခပေါင်းဆည်ရေလွှဲတမံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တပ် သား ၃ ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ A. D .G Brothers အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမှာ စစ်တပ်အထိုင်စခန်းကို ဗုံးသီးကြဲချတိုက်ခိုက်ရင်း သိန်း ၃၅၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့ မြောက်ဘက်က ရွှေတောင်ဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

တညောင်ဓာတ်အားခွဲရုံကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံမှာ အင်အား ၈၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို  မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော် (Bamar Army) က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်မြို့ စက်မှုဇုန်များတွင် အကြမ်းဖက်စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရေး သတင်းစကားများ ဖြန့်ဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်ဖို့ သတင်းစကားတွေ ဖြန့်ဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ထံက သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် မိုးဗြဲ Local PDF ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းရုပ်သံကို မိုးဗြဲ Local PDF က မနေ့က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။