မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာ နေရာ ၁၂ ခုကို တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ 9/A Nyar Myae Operation အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ခရိုင်အဆင့်စစ်ဆင်ရေးအဖြစ် မေလ ၁၅ ရက်နေ့မှစတင်ပြီး မြင်းခြံမြို့နယ် ဆီးမီးခုံရဲစခန်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာပျူစခန်း၊ မြင်းခြံမြို့နယ် တောင်ရှေ့ဂိတ်အထိုင်စခန်း၊ မြင်းခြံမြို့ ၁၈ ရပ်ကွက်နှင့်ခရိုင်ထွေအုပ်ရုံး၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်း၊ နွားထိုးကြီးမြို့နယ် Gas ပိုက်လိုင်းနှင့်မြို့မစခန်း၊ နွားထိုးကြီးမြို့နယ် ဇီရွာအနီးစစ်ကြောင်း၊ တောင်သာမြို့နယ် ထနောင်းကုန်းပျူရွာစခန်း၊ တောင်သာမြို့နယ် မြို့ဝင်ဂိတ်၊ တောင်သာမြို့နယ် Gas ပိုက်လိုင်း ၊ ငါန်းဇွန်မြို့နယ် မြို့ဝင်ဂိတ်နဲ့ ငါန်းဇွန်မြို့နယ် မြို့သာဘဏ်စောင့်ကင်းစခန်း တွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရတာပါ။

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်းပစ်ကူအဖြစ် Jet Fighter ၊ Y12၊ Mi 35 တို့နဲ့ အဆမတန် ဗုံးကျဲ တိုက်ခိုက်ခဲ့ပေမဲ့ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
စစ်ဆင်ရေးအပြီး၊ အကြမ်းဖက်စစ်တပ်ထံမှ MA 11 – ၂ လက် ၊ MA 13 – ၃ လက်၊ G3 – ၂ လက်၊ MA 3 – ၃ လက်၊ ပါရီ – ၂ လက်၊ ကာဘိုင် – ၁ လက်၊ လက်လုပ်အတို – ၁ လက်၊ ၉ လုံး – ၂ လက်၊ M22 လက်လုပ် – ၁ လက်၊ MA 1 – ၈ လက်၊ MA 2 – ၂ လက်၊ ကျည်ဘောက် ၄၃ ခု၊ G3 ကျည် – ၅၁၁ တောင့်၊ 5.56 ကျည် – ၅၀၉၄ တောင့်၊ 9 mm ကျည် – ၂၆၇ တောင့်၊ 7.62 သုံးမျိုးကျည် – ၂၉၇၈ တောင့်၊ ကာဘိုင်ကျည် – ၁၄၈ တောင့်၊ ရှေ့ထွက်မိုင်း – ၂ လုံး၊ M9 ကျည် – ၄၉ လုံး၊ 60MM ၂၈ လုံး၊ RPG အဖူး ၉ ဖူး၊ RPG ပို့ကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၁၅ လုံး၊ နင်းမိုင်း ၂၃ လုံး၊ 8 channel jammer ၁ လုံး၊ 6 channel jammer ၁ လုံး၊ မိုင်းရှာစက်တစ်လုံး၊ ဆိုင်ကယ် ၁၅ စီး၊ ကျပ်ငွေ ၉၆ သိန်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် စစ်ဌာနမှ ခရိုင်ကွပ်ကဲရေးမှုးရဲ့ စီမံကွပ်ကဲမှုနဲ့ မြင်းခြံခရိုင် Commando၊ မြင်းခြံခရိုင်တပ်ရင်း (၁၊၂၊၃၊၄၊၆၊၇၊၈၊၉၊၁၀)၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံမြို့နယ်ပကဖ၊ နွားထိုးမြို့နယ်ပကဖ၊ တောင်သာမြို့နယ်ပကဖ၊ ငါန်းဇွန်မြို့နယ်ပကဖ၊ ကျောက်ဆည်ခရိုင်Commando၊ မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း၊ နေပြည်တော်အမှတ်(၈၀၁)တပ်ရင်း တံတားဦးမြို့နယ် ပကဖ၊ မိတ္ထီလာပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

CDF CDM Siyin က စိုးမိုးနယ်မြေအတွင်းက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီး (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပျူခေါင်းဆောင် လင်းဦး၏ စခန်းကို ရေးဘီလူး ဝင်တိုက်၊ လင်းဦး ဒုတိယအကြိမ် ဆေးရုံရောက်ကာ လက်အောက်ခံ ပျူ ၄ဦး သေ

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းမြို့အရှေ့ခြမ်းတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်အပါ လူ ၄ ဦးကို ပစ်သတ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် လူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်​မြေအတွင်းရှိ လမ်းများကို ရန်ကုန်တိုင်း ပကဖ ပြုပြင်ပေးနေ

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကျေးရွာအချို့မှာ ကာကွယ်​ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃ က ရဲဘော်​တွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်း​တွေကို ကျေးရွာသူ၊ ကျေးရွာသား​တွေနဲ့ အတူတူပူးပေါင်းပြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေတယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။