ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ပူးပေါင်းတပ်တွေက တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မကြာမီမှာပဲ သိမ်းဆည်းရမိတဲ့စစ်လက်နက် ပစ္စည်းတွေကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်တာဘောက ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။

အဆိုပါ ဘလယ်ဒိုတပ်စခန်း သိမ်းပိုက်ခဲ့မှုအတွင်း စစ်လက်နက်များစွာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို ဖမ်းဆီးရရှိခဲ့ကြောင်းလည်း ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သိမ်းဆည်းရမည့်တဲ့ လက်နက်တွေထဲမှာ လက်နက်ကြီးမျိုးစုံ၊ စက်သေနတ်ငယ်များနဲ့ လက်နက်ငယ်များစွာ၊ လက်နက်ကြီး/ ငယ် ကျည်ဆံများနဲ့ အခြားစစ်အသုံးအဆောင်များစွာကို KNU ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။

ဘလယ်ဒိုစခန်းကို မေလ ၂၃ရက်နေ့မှာ သိမ်းပိုက်ရမိခဲ့တာဖြစ်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေက ပူးပေါင်းဆင်နွှဲခဲ့တာ ဖြစ်တယ်လို့ KNU က သတင်းထုတ်ပြန်ထားတယ်။

Video- ThooleiPoe

 

 

 

0 Shares:
You May Also Like
Read More

အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ မဟာမုနိဘုရားကြီးကျောင်းဆောင်ဝန်းကျင် မြင်ကွင်း (ရုပ်/သံ)

မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်‌ကြောင့် ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ အနီးဝန်းကျင်ကို အခုလိုပဲ တွေ့မြင်ခဲ့ရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ လောင်းလုံးပကဖ ထုတ်ပြန် (ရုပ်/သံ) 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ဇွန်လတစ်လတာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို လောင်းလုံးပကဖ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေး (ရုပ်/သံ)

မင်းဘူးခရိုင် တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူတွေလှူဒါန်းထားတဲ့ ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် နောင်ပိန်ရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲကာ လက်နက်ကြီးပစ်ခတ်၊ အရပ်သား ၂၀ ခန့် သေဆုံးခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်‌မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ ၂၀ ခန့် ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပျောက်ကြားတိုက်ခိုက်မှု ၄ ယောက်သေပြီး ၃ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

ကွေးတိုင်း မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၉ ရက်က တော်လှန်ရေးရဲဘော်တွေ ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေ ပြီး ၃ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ

မကွေးတိုင်း မြိုင်မြို့နယ် စီမံကိန်းရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTAမှ သတင်းထုတ်ပြန်ထားပါတယ်။