မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်အုပ်စုတွေရှိရာ စလင်းမြို့မရဲစခန်း၊ ရုံးပေါင်းစုံနဲ့ လင်းဇင်တိုက်နယ်ရဲစခန်းတို့ကို RPG 7 အပါဝင် လင်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီအချိန်မှာ စလင်း ပကဖ တိုက်ခိုက်ရေးပွိုင့်က လင်းဇင်တိုက်နယ်ရဲစခန်းကို လက်နက်ကြီး ၆၀နဲ့ ၈၁ မမ လက်နက်ကြီးဗုံးသီးတွေ အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်းရဲစခန်းအဆောက်အဦးတွေထိခိုက်ပျက်စီးပြီး ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနက် ၃ နာရီအချိန်မှာလည်း စလင်း ပကဖ တိုက်ခိုက်ရေးတပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အဦးနဲ့ ရုံးပေါင်းစုံနေရာတွေဆီ ဖျက်အားပြင်း RPG 7 တွေ ပစ်ခတ်ရင်း တိုက်ပွဲဖော်​ဆောင်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲကြာချိန် ၁နာရီကျော်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို ပကဖတပ်ဖွဲ့ဝင်တွေလည်း အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

“ဒီမနက် ကျနော်တို့ ပကဖတပ်ခွဲတွေကပွိုင့်တွေခွဲပြီးတိုက်ပွဲဆောင်ခဲ့တာပါ။ စလင်းရဲစခန်းနဲ့ ရုံးပေါင်းစုံပစ်ခတ်တိုက်ခိုက်မှုမှာ အထ်အခိုက်အသေအဆုံးများတယ်သိရပါတယ်။စလင်းစခန်းကိုက RPG နဲ့ပဲပစ်ခဲ့တာမဟုတ်ပါဘူး။ လက်နက်ငယ်၊ ၄၀ မမတွေနဲ့ပါပစ်ရင်း တိုက်ပွဲဖြစ်ခဲ့တာပါ။ ” လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ယောက်ကမောင်းကိုပြောပါတယ်။

အဲ့ဒီနေ့ မနက် ၅ နာရီအချိန်မှာတော့ စစ်ကောင်စီရဲ့ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေကနေ စလင်းရဲစခန်းဆီ စစ်ကူအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၃ ရက်ကစလို့ လက်ရှိအချိန်အထိ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ရှိနေသလို စစ်ကောင်စီက အရပ်သားနေအိမ်တွေကို မီးရှို့တာအပြင် လေကြောင်းကို အဆက်မပြတ် အသုံးပြုနေတယ်လို့လည်း သိရပါတယ်။

ပုံစာ – စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကရင်နီပြည် တော်လှန်ရေးတပ် စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ညကင်းလှည့်ပြီး ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့

ကရင်နီပြည်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ညကင်းလှည့်ကာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Unity Generation Z PDF 1101 (UGZ-PDF-1101) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ဒေသခံ ၅ဦးထက်မနည်း သေဆုံး၊ အယောက် ၂ဝ ခန့် ဒဏ်ရာရ

“ဒဏ်ရာရတဲ့သူက ၁၅၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာက လောလောဆယ်သိရတာ ၅ယောက်။ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်”လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ပြည်သူတွေရဲ့ အားကြိုးမာန်တက် ထောက်ခံမှုကြောင့် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက်ရှိနေခဲ့တယ်လို့ GSCB ထုတ်ပြန်

ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။
Read More

၂ နှစ်ကျော်သည်အထိ စစ်ဘေးရှောင်နေရသည့် ကျေးရွာကို စစ်တပ်က စက်တပ်လေးထီးနှင့် လာရောက်ပစ်ခတ်

"တိုက်ပွဲဖြစ်တဲ့ဟာတော့ ဒီနေ့မရှိပါဘူးဗျ၊ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတော့ ဆော့ဒုံးပစ်ခတ်တာတွေတော့ရှိတယ်၊ ပစ်တာကလည်း ဒီရွာက ပစ်တယ်လို့မဆိုလိုဘူး၊ သူတို့ဝန်းကျင်က ပစ်တာဆိုတော့ သူတို့ထင်တဲ့နေရာကို ပါရာမော်တာ နဲ့ ၁၂၀ မမ ၂ လုံး ၄ လုံး နဲ့ ချသွားတာ ၂ လုံးကတော့ အိမ်ထဲမှာကျတယ်၊ ၂ လုံးကတော့ စာသင်ကျောင်းရဲ့ အနောက်ဘက်ယာခင်းထဲမှာ ကျတယ်" လို့ ဘုတလင်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းလှတွင် အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၂ ဆီက သိရပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။