လာမဲ့သီတင်းပတ်မှာပြုလုပ်မယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိအောင် ထောက်ခံအားပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ ၂၀၂၁ ငြိမ်းချမ်းရေးအစီအမံဟာ အခုအချိန်အထိ တိုးတက်မှုမရှိသလောက် ဖြစ်နေချိန်မှာ၊ အာဆီယံဥက္ကဋ္ဌမလေးရှားရဲ့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အနေနဲ့ ပြီးခဲ့တဲ့လအတွင်း NUG ဝန်ကြီးချုပ်၊ စစ်ခေါင်းဆောင်တို့နဲ့ သီးခြားတွေ့ဆုံကာ တွေ့ဆုံဆွေးနွေးရေး တွန်းအားပေးမှုအသစ် ပြုလုပ်ခဲ့တာပါ။

လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့တဲ့ မတ်လငလျင်အပြီး လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အပစ်ရပ်သက်တမ်းတိုးဖို့ အန်ဝါရဲ့ ကြိုးပမ်းမှုကို အားပေးထောက်ခံကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာ က အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

“အပစ်အခတ်ရပ်စဲရေးဟာ အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပေမယ့် တဖက်သတ်လုပ်လို့မရပါဘူး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် ပြဿနာအမျိုးမျိုးကို စားပွဲပေါ်ယူလာဖို့ပြီး ဖိအား မပေးဘဲ လုပ်နိုင်ဖို့လိုတယ်” လို့ သူက Reuters ကို ပြောပါတယ်။

ဒါပေမဲ့ အန်ဝါနဲ့ဆွေးနွေးမှုအပြီး စစ်တပ်က အပစ်ရပ် သက်တမ်းတိုးခဲ့ပေမဲ့ ငလျင်ဒဏ်သင့်ဒေသတွေအပါအဝင် နိုင်ငံအနှံ့ကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

ယခုသီတင်းပတ်ကုန် စတင်မယ့် ကွာလာလမ်ပူက အစည်းအဝေးတွေမှာ ရှင်းလင်းပြတ်သားတဲ့ ခြေလှမ်းတွေ ရေးဆွဲဖို့လိုတယ်လို့ မာရစ်က ဆိုပါတယ်။

ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအပါအဝင် အဓိကအုပ်စုအားလုံးကို စားပွဲဝိုင်းပေါ်ဆွဲခေါ်လာမှာ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးခြေလှမ်းကို အထောက်အကူဖြစ်စေမယ်လို့ သူက ပြောပါသေးတယ်။

“တကယ်လို့ မြန်မာနိုင်ငံက ပဋိပက္ခကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ ပြေလည်အောင် ဖြေရှင်းလို့ မရနိုင်ဘူး၊ ကိစ္စနှစ်ခုက ဆက်စပ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းမှုနဲ့ အရပ်သားလူထုအပေါ် စနစ်တကျကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုကို ခံနေရာတဲ့ စစ်ကောင်စီဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့နဲ့ ရုရှား နိုင်ငံတွေနဲ့သာ ထိတွေ့ဆက်ဆံမှု ရှိတာဖြစ်ပါတယ်။

ထိတွေ့ဆက်ဆံမှုတွေက ငြိမ်းချမ်းရေးဆီ ဦးတည်စေမယ့် ဆွေးနွေးပွဲတွေကို အားပေးမြှင့်တင်ဖို့ အထောက်အကူဖြစ်စေမှာဖြစ်တယ်လို့ သူကပြောဆိုပြီး “အကျိုးမရှိတဲ့ အပျက်သဘောဆောင် တွေးခေါ်မှုတွေကို ပြောင်းလဲချင်တယ်” လို့လည်း သူကဆက်ပြောခဲ့ပါတယ်။
News- Reuters
0 Shares:
You May Also Like
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ  ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

လေကြောင်းပြပွဲအတွင်း လေ့ကျင့်နေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျ (ရုပ်/သံ)

ပိုလန်နိုင်ငံအလယ်ပိုင်းမှာ ပြုလုပ်မယ့် လေကြောင်းပြပွဲတစ်ခုမှာ အစမ်းလေ့ကျင့်ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ 31st Tactical လေတပ်စခန်းမှာ ပြုလုပ်တဲ့ ဩဂုတ် ၂၈ ရက်နေ့က လေကြောင်းပြပွဲအတွင်း ပိုလန်စစ်တပ်က ဝယ်ယူထား တဲ့ အမေရိကန်နိုင်ငံလုပ် F-16 တိုက်လေယာဉ်ကို လေ့ကျင့်ပျံသန်းရင်း လေယာဉ်ပြေးလမ်းပေါ် ထိုးကျကာ မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
Read More

လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ရွှေကုက္ကိုလ်မှာ ကတုံး တုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရ ဟု ထွက်ဆို

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့က ငွေလိမ်ဂိုဏ်းကို လူကုန်ကူးခံရပြီး ရောက်သွားတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ဟာ ရွှေကုက္ကိုလ်မြို့မှာ ကတုံးတုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရတယ်လို့ ထွက်ဆိုကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။