မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်အုပ်စုတွေရှိရာ စလင်းမြို့မရဲစခန်း၊ ရုံးပေါင်းစုံနဲ့ လင်းဇင်တိုက်နယ်ရဲစခန်းတို့ကို RPG 7 အပါဝင် လင်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

မေလ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီအချိန်မှာ စလင်း ပကဖ တိုက်ခိုက်ရေးပွိုင့်က လင်းဇင်တိုက်နယ်ရဲစခန်းကို လက်နက်ကြီး ၆၀နဲ့ ၈၁ မမ လက်နက်ကြီးဗုံးသီးတွေ အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်းရဲစခန်းအဆောက်အဦးတွေထိခိုက်ပျက်စီးပြီး ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနက် ၃ နာရီအချိန်မှာလည်း စလင်း ပကဖ တိုက်ခိုက်ရေးတပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အဦးနဲ့ ရုံးပေါင်းစုံနေရာတွေဆီ ဖျက်အားပြင်း RPG 7 တွေ ပစ်ခတ်ရင်း တိုက်ပွဲဖော်​ဆောင်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲကြာချိန် ၁နာရီကျော်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို ပကဖတပ်ဖွဲ့ဝင်တွေလည်း အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

“ဒီမနက် ကျနော်တို့ ပကဖတပ်ခွဲတွေကပွိုင့်တွေခွဲပြီးတိုက်ပွဲဆောင်ခဲ့တာပါ။ စလင်းရဲစခန်းနဲ့ ရုံးပေါင်းစုံပစ်ခတ်တိုက်ခိုက်မှုမှာ အထ်အခိုက်အသေအဆုံးများတယ်သိရပါတယ်။စလင်းစခန်းကိုက RPG နဲ့ပဲပစ်ခဲ့တာမဟုတ်ပါဘူး။ လက်နက်ငယ်၊ ၄၀ မမတွေနဲ့ပါပစ်ရင်း တိုက်ပွဲဖြစ်ခဲ့တာပါ။ ” လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ယောက်ကမောင်းကိုပြောပါတယ်။

အဲ့ဒီနေ့ မနက် ၅ နာရီအချိန်မှာတော့ စစ်ကောင်စီရဲ့ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေကနေ စလင်းရဲစခန်းဆီ စစ်ကူအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၃ ရက်ကစလို့ လက်ရှိအချိန်အထိ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ရှိနေသလို စစ်ကောင်စီက အရပ်သားနေအိမ်တွေကို မီးရှို့တာအပြင် လေကြောင်းကို အဆက်မပြတ် အသုံးပြုနေတယ်လို့လည်း သိရပါတယ်။

ပုံစာ – စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံး…

“တိုက်ပွဲဖြစ်နေတာလည်းမရှိဘူး။ ဖြစ်နေတာက ပလမြို့မှာ ခင်ဗျ။ ဒရုန်းကျချိန်နဲ့ လက်နက်ကြီး ကျချိန် သိပ်မကွာဘူး။ ဒီတိုင်းသက်သက်ကြီး အရပ်သားနေအိမ်တွေကို လာတိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဒဏ်ရာရတဲ့လူတွေကို ကယ်မယ်ဆိုတာ သေချာပေါက်သိလို့ တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ထပ်ပစ်တာ သိပ်အောက်တန်းကျတဲ့ လုပ်ရပ်ပါပဲဗျ” လို့ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ထမင်းမစားကျေးရွာ တပ်စခန်း ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်လာ၊ စစ်အုပ်စုကို ခုခံတိုက်ခိုက်မှု စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထမင်းမစားကျေးရွာ စစ်တပ်စခန်း ပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်များအတွက် လှူဒါန်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည့် ကလလတ ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဗျူဟာ၂ ၊ တပ်ရင်းအမှတ် ၉၄၂၁ တပ်ရင်းက ဆေးမှူးနဲ့အတူ ရဲဘော်ရဲမေတွေ၊ တပ်ရင်းအမှတ် ၉၄၂၅ က ရဲဘော်ရဲမေတွေဟာ ကရင်နီပြည်ရှိ စစ်ရှောင်စခန်း တစ်ခုဆီ အဝတ်အထည်တွေ လှူဒါန်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလှူရှင်နဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရဟတ်ယာဉ် ကိုယ့်ဘာသာ ပျက်ကျတာပါဆိုတဲ့ စစ်ကောင်စီ၏ ပြောဆိုချက် ဖြစ်နိုင်သလား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ Mi 17 ရဟက်ယာဉ် ၃စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာမှာ ရဟက်ယာဉ် တစ်စီး မီးလောင်ပျက်ကျပြီး တစ်စီးကတော့ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တော်လှန်ရေးအတွက် အကြီးမားဆုံးအခက်အခဲများထဲ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု ပါဝင်ဟု TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော် ပြော

လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲတွေထဲမှာ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုလည်း ပါဝင်တယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ အတွင်းရေးမှူး တာဘုန်းကျော်က မနေ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။