ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မေလ ၂၁ ရက် မနက်ပိုင်းကစလို့ ဝေါလေဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ခီးစခန်းနေရာကို KNLA ဦးဆောင်​တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်တွေကလည်း မြဝတီ-ဝေါလေလမ်းပိုင်းကို သွားလာမှု ခေတ္တရပ်ဆိုင်းထားပြီး KNLA စစ်ကြောင်းတွေကိုလည်း တပ်လှန့်သတိပေးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

နယ်စပ်အနီး မြန်မာဘက်အခြမ်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံကလည်း တော်ဝင်တပ်မတော်၊ နယ်ခြားစောင့် စစ်တပ်စခန်းတွေမှာ စစ်ရေးအသင့်အနေအထား တပ်လှန်မှုတွေ ရှိနေပြီး စစ်ဘေးရှောင် အကူအညီပေးနိုင်ရေး ဒေသခံလူမှုအဖွဲ့ အစည်းတွေက အသင့်ပြင်ဆင်ထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ KNU တပ်မဟာ ၇ နယ်မြေမှာတော့ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး ဝေါလေဒေသမှာတော့ အထက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဝေါ ဗျူဟာ၊ ကနဲလေးစခန်းနဲ့ အောက်ပိုင်းမှာ ဥကရစ်ထ၊ ဝါးမီးထ စစ်စခန်းတွေနဲ့ သေ့ဘောဘိုးစစ်စခန်းတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်နဲ့ ထိုင်းနိုင်ငံမှ မြင်ရတဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာ (ဓာတ်ပုံ အင်တာနက်)

0 Shares:
You May Also Like
Read More

အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ  အဆုံးတိုင် ချီတက်သွားမည်ဟု NUG အစိုးရ ဆို

စစ်အာဏာရှင်စနစ် နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်တွေ တော်လှန်ရေး အင်အားစုတွေနဲ့ အတူ လက်တွဲပြီး အဆုံးတိုင် ချီတက်သွားမယ်လို့ သန္နိဋ္ဌာန်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

စနစ်ဆိုး၏ တန်းတူညီမျှမှုမရှိသည့် စံနှုန်းများကို ချေဖျက်ပစ်ဖို့ လူနည်းစုလူငယ်များ ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်

စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K - Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

ဂန့်ဂေါတွင် မီးလောင်ထားသည့် နေအိမ်ကို သန့်ရှင်းရေးပြန်လုပ်ရင်း ဒရုန်းဖြင့် ဗုံးကြဲခံရကာ ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ သင်တောရွာက ပြည်သူ ၄ယောက် သူတို့ရဲ့ မီးလောင်ထားတဲ့ နေအိမ်တွေကို သန့်ရှင်းရေး ပြန်လုပ်နေချိန် ပျူစောထီးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်နှင့် သူ့အား လက်ခံကြိုဆိုသူ ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်း၊ အကြမ်းဖက်စစ်တပ်ကို ကြိုဆိုလက်ခံတဲ့ ရုရှားသမ္မတပူတင်ရဲ့ ဖမ်းဝရမ်းပုံတွေအပြင် ယူကရိန်းနဲ့အတူ မြန်မာပြည်သူတွေ အတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ စာရွက်တွေ လိုက်လံကပ်ခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ရွာမီးရှို့နေသည့် စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ကျေးရွာမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။